close

ရွှေထည်ပစ္စည်းများ ခိုးယူ

close

December 21, 2021

ဝါးခယ်မမြို့နယ်၌ စစ်ကောင်စီတပ်က နေအိမ်များကို ချိပ်ပိတ်၊ ရွှေထည်ပစ္စည်းများ ခိုးယူ

ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ်မှာ  စစ်ကောင်စီတပ်သားတွေက စစ်အာဏာရှင်ဆန့်ကျင်သူတွေရဲ့ နေအိမ်တွေကို လိုက်လံချိပ်ပိတ်ပြီ နေအိမ်တွေမှာရှိတဲ့ ရွှေနဲ့ အဖိုးတန်ပစ္စည်းတွေကို ခိုးယူသွားတယ်လို့  ဒေသခံတွေက ပြောပါတယ်။

ဒီဇင်ဘာလ ၁၄ ရက်က  ဘိုးဘေးအညာစုကျေးရွာအုပ်စု၊ ရှမ်းစုကျေးရွာက နေအိမ် ၂ လုံးကို လာရောက် ချိပ်ပိတ်ချိန်မှာ ရွှေဆွဲကြိုးနဲ့ လက်စွပ်တွေယူသွားတာလို့ ဒေသခံရွာသားတယောက်က ပြောပါတယ်။ 

 “အိမ်တွေက လူမရှိတာ့ဘူး အဲ့တာကို ချိပ်လာပိတ်တာ အိမ်တွေထဲဝင်ရှာပြီးတော့ လော့ကဒ်သီး ပါတဲ့ ဆွဲကြိုး တကုံး၊ လက်စွပ် ၂ ကွင်းကိုယူသွားတာ။”

စစ်ကောင်စီတပ်သားတွေက သူတို့ဖမ်းဆီးဖို့လာတဲ့ ဦးမိုးဇော်နဲ့ ဦးလှဝင်းတို့မရှိတာကြောင့် နေအိမ်တွေကို ချိပ်ပိတ်ပြီး ရွှေထည်ပစ္စည်းတွေနဲ့ တခြားတန်ဖိုးရှိတာတွေကို ယူဆောင်သွာတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာလပိုင်းက စတင်ကာ ဧရာဝတီတိုင်းမှာ စစ်အာဏာရှင်ဆန့်ကျင်သူတွေနဲ့ အန်အယ်လ်ဒီပါတီဝင်တွေရဲ့ နေအိမ်ချိပ်ပိတ်တာတွေ ပြုလုပ်လာခဲ့တာဖြစ်ပါတယ်။

1 min Ago
Up