close

ရွှေထည်

close

March 12, 2023

ဒေါ်တော မန္တလေးမုန့်တီဆိုင် ရွှေထည်သိန်း ၂၀၀ ဖိုးခန့် ဓားပြတိုက်ခံရ

မန္တလေး ချမ်းအေးသာစံမြို့နယ်၊ ၂၆ B လမ်း၊ မြို့တော်ဥယျာဉ်အရှေ့ဘက်၊ ဖို့ကုန်းရပ်ရှိ ဒေါ်တော မုန့်တီဆိုင်မှာ မတ် ၁၂ ရက် မနက် ဆိုင်ဖွင့်ချိန်က ဓားပြတိုက်ခံခဲ့ရပြီး ဆိုင်ရှင်ရဲ့ ရွှေထည် လက်ဝတ်ရတနာ ခန့်မှန်းတန်ဖိုး ကျပ်သိန်း ၂၀၀ လောက် ယူဆောင်သွားကြတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ 

မနက် ၅ နာရီ ၄၅ မိနစ်လောက် ဆိုင်ကယ်စီး လူ ၂ ယောက် ရောက်လာခဲ့ပြီး ဆိုင်ရှင်ဖြစ်သူရဲ့ ဦးခေါင်းကို သေနတ်နဲ့ချိန်ကာ ဝတ်ထားတဲ့ ရွှေထည်တွေနဲ့ လက်ဝတ်ရတနာတွေကို ယူဆောင်သွားတာပါ။ 

ဓားပြတိုက်ခံရချိန်မှာ ဆိုင်ရှင်အပါအဝင် ဝန်ထမ်း ၁၁ ဦးလောက်ရှိပြီး ဓားပြတွေက မျက်နှာဖုံးအပြည့်စွပ်ထားကာ ဆိုင်ရဲ့‌ ဘေးအိမ်မှာ CCTV ရှိပေမဲ့ မီးပျက်နေလို့ မှတ်တမ်းတင်နိုင်ခြင်း မရှိပါဘူး။ 

မုန့်တီဆိုင်တာဝန်ရှိသူတဦးက  "ခန့်မှန်းခြေ ၂၀၀ ဖိုးလောက်ပေါ့။  ၂ ယောက်လာတာ။ ၆ နာရီ မတ်တင်းလောက် ဖြစ်တာ၊ ဝန်ထမ်းရော ဆိုင်လူအကုန်လုံးဆို ၁၁ ယောက်ရှိတယ်။ သူတို့က သေနတ်တွေရော မျက်နှာဖုံးတွေ အကုန်ဝတ်ပြီးတော့ ခေါင်းကို ချိန်ပြီး‌တော့ လုသွားတာ။ ငွေသား မပါသွားဘူး။ ပစ္စည်းတွေ လက်ဝတ်ရတနာတွေ၊ ရဲကတော့ စစ်ချက်ယူသွားတယ်။ အမှုဖွင့်ထား ပါတယ်" လို့ ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မန္တလေးမှာ အုပ်စုဖွဲ့ဆိုင်ကယ်လုယက်မှုတွေ၊ ရွှေဆိုင်ဓားပြ တိုက်တာတွေနဲ့ နေအိမ်တွေကို ဓား၊ သေနတ်ပြ လုယက်တာတွေ ပေါများလာခဲ့ပြီး အခုဖြစ်စဉ်နဲ့ ပတ်သက်လို့ ချမ်းအေးသာစံရဲစခန်းကို ဖုန်းဆက်သွယ်မေးမြန်းပေမဲ့ ပြန်လည်ဖြေကြားခြင်း မရှိပါဘူး။

3 hours Ago

January 24, 2021

မြစ်ကြီးနားမြို့တွင် ရွှေထည် ကျပ်သိန်း ၁၀၀ ကျော်ဖိုး ဖောက်ထွင်းခံရ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်ရဲ့ အိမ်တစ်အိမ်မှာ မနေ့ညနေ ၄ နာရီလောက်က ရွှေထည်ပစ္စည်း ကျပ်သိန်း ၁၀၀ ကျော်ဖိုး ဖောက်ထွင်းခံရတယ်လို့ သိရပါတယ်။ တပ်ကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဘောက်နော်က “ရွှေထည်ပစ္စည်းမျိုးစုံ ခန့်မှန်း သိန်း ၁၀၀ ကျော်ဖို့ အိမ်ရှင်မရှိတဲ့အချိန်မှာ သော့ကိုရိုက်ချိုးပြီး ဖောက်သွားတာ” လို့ ပြောပါတယ်။ လွန်ခဲ့တဲ့ တပတ်လောက်ကလည်း အခုရွှေထည်ပစ္စည်းတွေ ဖောက်ထွင်းခံရတဲ့ အိမ်အနီးမှာ ငွေသား ၁၀ သိန်းလောက် ပျောက်ဆုံးဘူးတယ်လို့ သိရပြီး အခုပျောက်ဆုံးမှုကို  အိမ်ပိုင်ရှင်တွေက ပလနနယ်မြေရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။ တပ်ကုန်းရပ်ကွက်မှာ ၂၀၂၀ အောက်တိုဘာကနေ ၂၀၂၁ ဇန်နဝါရီလအထိ ၄ လလောက်အတွင်းမှာ ၆ ခေါက်လောက်ဖောက်ထွင်းမှုဖြစ်ခဲ့ပြီး ၁ မှုသာ တရားခံဖမ်းမိသေးတယ်လို့ ဦးဘောက်နော်က ပြောပါတယ်။ မီးမီး
2 years Ago
Up