close

ရွှေဘိုမြို့ မြန်မာ့ရှေ့ဆောင်ဘဏ်

close

July 23, 2021

ရွှေဘိုမြို့ မြန်မာ့ရှေ့ဆောင်ဘဏ်ရှေ့ ဗုံး ၂ လုံးပေါက်ကွဲ

စစ်ကိုင်းတိုင်း ရွှေဘိုမြို့ မြန်မာ့ရှေ့ဆောင်ဘဏ်ရှေ့မှာ  ဇူလိုင် ၂၃ ရက်နေ့ မနက်ပိုင်းက ဗုံး ၂ လုံး ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

မျက်မြင်တစ်ဦးက “အခုမနက် ‌ရွှေဘိုမြန်မာ့ရှေ့ဗုံးပေါက်ကွဲမှုဖြစ်တယ်၊  မနက် ၆ နာရီမှာ တစ်ကြိမ်၊ ၆ နာရီခွဲတစ်ကြိမ်ပေါက်ကွဲတယ်။ မနက် ၉ နာရီမှာ ဗုံးတစ်လုံးတွေ့တယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက် ထိခိုက်ဒဏ်ရာရတယ်။ ထိခိုက်ဒဏ်ရာရတဲ့သူတွေကို လူနာတင်ယာဉ်နဲ့ သယ်ဆောင်သွားတယ်။ ဘယ်ကိုခေါ်ဆောင်တယ်ဆိုတာတော့ မသိဘူး” လို့ ပြောပါတယ်။

ဗုံးပေါက်ကွဲမှုဖြစ်ပြီးနောက် ဘဏ်ရှေ့မှာ စစ်ကောင်စီတပ်က လုံခြုံရေးတင်းကြပ်ချထားတယ်လို့ ဆိုပါတယ်။

ဗုံးပေါက်မှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့က လုပ်တယ်ဆိုတာ မသိရသေးဘဲ ရွှေဘိုမြို့မှာ အာဏာသိမ်းပြီးနောက် ဗုံးပေါက်ကွဲတာ အခုတကြိမ်နဲ့ဆို ၈ ကြိမ်ရှိပြီလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

4 mins Ago
Up