close

ရွှေမင်းသမီးဟိုတယ်ဗုံးကွဲမှု

close

December 30, 2021

ပြည်မြို့ရှိ ရွှေမင်းသမီးဟိုတယ်ဗုံးကွဲမှု လူ ၂၀ ကျော် ဖမ်းဆီးခံရ

ပဲခူးတိုင်းအနောက်ပိုင်း၊ ပြည်မြို့၊ ရွာဘဲရပ်၊ ဗိုလ်ချုပ်လမ်းပေါ်က ရွှေမင်းသမီးဟိုတယ် ကားပါကင်မှာ ဒီဇင်ဘာ ၂၆ ရက် ဗုံးကွဲမှုနဲ့ပတ်သက်လို့ အခင်းဖြစ်ချိန် အနီးအနားမှာရှိတဲ့ နည်းပညာတက္ကသိုလ်ကျောင်းဆရာ‌ဟောင်း ဦးဇော်မိုးလွင်နဲ့အတူ လူ ၂၀ ကျော်  ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။‌

အခင်းဖြစ်ချိန်မှာ အနီးအနားမှာရှိနေတဲ့ ဒေသခံ တယောက်က “အဲဒီဟိုတယ်က ကိုးသောင်းဈေးဘေးမှာ ရှိနေတော့ လူသွားလူလာများတယ်။ ကိုယ့်ဟာကိုယ် ဈေးလာတဲ့ သူတွေလည်း အဖမ်းခံရတဲ့ အထဲပါတယ်။ အဲဒီအထဲမှာ Kpay တို့ Wave money တို့ လုပ်တဲ့ သူတယောက်လည်း ဖြစ်ပွားချိန်တုန်းက သူ့အလုပ်နဲ့သူ ရှိနေတာကို ဖမ်းသွားတယ်” လို့ ပြောပါတယ်။

ကျောင်းဆရာ ဦးဇော်မိုးလွင်ကို မတ်လပထမပတ်မှာ  စစ်တပ်က ဖမ်းဆီး စစ်ဆေးပြီး  ပြန်လွှတ်ပေးခဲ့ပါတယ်။

ရွှေမင်းသမီးဟိုတယ် ဗုံးခွဲမှုနဲ့ ဒီဇင်ဘာ ၂၈ ရက် ညပိုင်းမှာ သူ့ကို အိမ်တိုင်ရာရောက် ပြန်လည်ဖမ်းဆီးသွားတာပါ။

“သူက လူပျိုကြီး ၊ သူ့အဖေနဲ့အမေကလည်း အသက်ကြီးနေပြီ။ ၀န်ထမ်းအငြိမ်းစားတွေ၊ အခု သူတို့လည်း ဘယ်လိုက်စုံစမ်းရမလဲ နားမလည်ဘူး ဖြစ်နေတယ်”လို့ ဦးဇော်မိုးလွင်ရဲ့ အိမ်နီးချင်း တယောက်က ပြောပါတယ်။

ရွှေမင်းသမီးဟိုတယ်ဗုံးခွဲတာနဲ့ပတ်သက်လို့ ဘယ်အဖွဲ့ရဲ့ လက်ချက်လဲဆိုတောကိုတော့ မသိရသေးပါဘူး။ 

ပြည် PDF အဖွဲ့က  စစ်ကောင်စီ‌‌ဒေါက်တိုင်တွေကို  ပံ့ပိုး ထောက်ခံအားပေးတာ ၊ ပတ်သက်ဆက်ဆံတာ မလုပ်ဖို့ သတိပေးပါတယ်။

1 min Ago
Up