close

ရွှေလှေကျေးရွာ

close

March 15, 2022

စစ်ကောင်စီက ရွှေလှေကျေးရွာ အိမ်ခြေ ၁၀၀ ကျော်ကို မီးရှို့ဖျက်ဆီးပြီး ရွာသား ၁ ဦးကို ပစ်သတ်

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ရွှေလှေကျေးရွာကို မတ် ၁၄ ရက်မနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီးအဖွဲ့တွေ မီးရှို့ဖျက်ဆီးခဲ့ပြီး ထွန်စက်မောင်းနေတဲ့ ပြည်သူ ၁ ဦးကို ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့က ကျေးရွာအတွင်းမှာရှိတဲ့ နေအိမ် ၁၀၀  ထက်မနည်းကို မီးရှို့ ဖျက်ဆီးဆီးခဲ့ပြီး ဒေသခံ လယ်သမား ၁ ဦးကို ပစ်သတ်ခဲ့တာလို့ ဒေသခံတွေက‌ ပြောပါတယ်။

“မနက် ၆ နာရီလောက် ရွာထဲကို စစ်တပ်ဝင်လာတယ်။ သူတို့ဝင်လာတာတွေ့လို့ လယ်ထွန်စက်မ မောင်းပြေးတဲ့ လယ်သမား ၁ ဦးကို သေနတ်နဲ့ လှမ်းပစ်တာ သေသွားတယ်။ ရွာကိုလည်း မီးရှို့သွားတာ အိမ်ခြေ ၁၀၀ လောက် မီးလောင်လို့ ကုန်ပြီ” လို့  ရွှေလှေကျေးရွာဒေသခံတဦးက ပြောပါတယ်။

ချောင်းဦးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ဒေသခံ PDFတို့ စစ်ရေးတင်းမာနေပြီး စစ်ကောင်စီတပ်က ကျေးရွာအချို့ကို မီးရှို့ဖျက်ဆီးနေတဲ့အတွက် ဒေသခံပြည်သူတွေ ဘေးလွတ်ရာ တိမ်းရှောင်နေကြရပါတယ်။

10 mins Ago

December 31, 2020

ဆားလင်းကြီးမြို့နယ်ရှိ ရွှေလှေကျေးရွာကို ​ Stay at Home သတ်မှတ် 

စစ်ကိုင်းတိုင်း​ဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ လက်ပန်​တောင်းကျေးရွာအုပ်စုရှိ ​ရွှေ​လှေ​ကျေးရွာမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူတွေများလာတာကြောင့်   Stay at Home ​နေထိုင်ဖို့ ဒီဇင်ဘာ ၃၀ ရက်​နေ့က သတ်မှတ်လိုက်တာပါ။ Stay at Home ကာလက​တော့ ဒီဇင်ဘာ ၃၀ ရက်​ကနေ ဇန်နဝါရီ ၁၂ ရက်​နေ့ထိ မြို့နယ်ကျန်းမာ​ရေးဌာနက သတ်မှတ်ထားတာပါ။ ရွှေ​လှေ​ကျေးရွာမှာ ​​ဒီဇင်ဘာ ၂၉ ရက် တရက်တည်းတင် ​ပိုး​တွေ့သူ ၇ ​ယောက်​တွေ့ရှိခဲ့သလို  ဒီဇင်ဘာ ၃၁ ရက် ဒီနေ့မှာ ပိုး​တွေ့လူနာ ၈ ယောက် ထပ်တိုးလာတာကြောင့် စုစုပေါင်း ပိုး​တွေ့သူ ၂၁ ယောက်အထိ ရှိလာနေပြီဖြစ်ပါတယ်။ ​ရွှေ​လှေ​ကျေးရွာ​နေ မညိုလင်းက " ကွာရန်တင်း ဝင်ထားရတဲ့သူဦး​ရေ ၇၀ ​ကျော်ရှိတယ်။ မိသားစုလိုက် ကွာရန်တင်းဝင်ရ​တော့ စား​သောက်​ရေးအခက်အခဲရှိသလို စပါးရိတ်သိမ်းချိန်လည်း​ ရောက်​တော့တောင်သူ​တွေနဲ့ လက်လုပ်လက်စား​တွေပါ အဆင်မ​ပြေဖြစ်​နေတယ်"လို့ ​ပြောပါတယ်။ ​​ရွှေ​လှေ​ကျေးရွာမှာ အိမ်​ထောင်စုပေါင်း  ၃၄၈ စု ရှိပြီး လူဦး​ရေ ၁၄၀၀ ​ကျော်ရှိကာ ဆန်နဲ့ဆီ​တော့ ​ထောက်ပံ့​ပေးဖို့ ​​ဆောင်ရွက်​နေတယ်လို့ ဆားလင်းကြီးမြို့နယ် အုပ်ချုပ်​ရေးမှူး ဦးဆန်းမြင့်က ပြောပါတယ်။ ဆားလင်းကြီးမြို့နယ်မှာ Stay at Home သတ်မှတ်ထားတဲ့​ကျေးရွာ ၂ ရွာရှိပြီး ​တော​ကျောင်း​ကျေးရွာနဲ့​ ရွှေ​လှေ​ကျေးရွာတို့ဖြစ်ပါတယ်။  တစ်မြို့နယ်လုံးမှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာစုစုပေါင်း  ၄၅ ​ယောက်ရှိပြီး ​ဆေးရုံဆင်းခွင့်ရသူ ၂၂ ​ယောက်ရှိတယ်လို့ သိရပါတယ်။
1 year Ago
Up