close

ရွှေ့ဆိုင်း

close

September 10, 2022

ဘုရင်မကြီး၏နာရေး‌ကြောင့် ပရီးမီးယားလိဂ်ပွဲများ ရွှေ့ဆိုင်းသည့်အပေါ် ဘောလုံးကျွမ်းကျင်သူများ ဝေဖန်

ဗြိတိန်ဘုရင်မကြီးကွယ်လွန်ခဲ့တာကို ဝမ်းနည်းတဲ့အထိမ်းအမှတ်အနေနဲ့ ပရီးမီးယားလိဂ်ပွဲစဉ် တွေကို ရွှေ့ဆိုင်းလိုက်တဲ့အပေါ် ဘောလုံးကျွမ်းကျင်သူတွေက ဝေဖန်ပါတယ်။

အင်္ဂလန် တိုက်စစ်မှူးဟောင်း ပီတာခရော့ချ်ကတော့ ပွဲစဉ်တွေကိုရွှေ့ဆိုင်းပြီး ဗြိတိန်ဘုရင်မကြီးကို ဂုဏ်ပြုတာထက်စာရင် ပွဲစဉ်တွေဆက်ကစားပြီး ကွင်းထဲမှာဂုဏ်ပြုတာကပိုပြီးထိရောက်မယ်လို့ တိုက်တွန်းခဲ့ပါတယ်။

ပွဲကစားချိန်အတွင်း အနက်ရောင်လက်ပတ်ဝတ်ဆင်တာတွေ၊ ငြိမ်သက်ဆုတောင်းတာတွေ၊ နိုင်ငံတော် သီချင်းသီဆိုတာတွေနဲ့ တော်ဝင်ဂီတအဖွဲ့ကတီးခတ်စေတာမျိုးတွေက ကမ္ဘာတဝန်းက သန်းချီတဲ့လူတွေဆီပိုပြီး ရောက်ရှိစေမှာဖြစ်တယ်လို့ ပီတာခရော့ချ်ကပြောပါတယ်။

ဒါ့အပြင် ဘောလုံးကျွမ်းကျင်သူ ပီယာစ်မော်ဂန်နဲ့ ဂယ်ရီနဗီးလ်တို့ကလည်း ပွဲစဉ်တွေရွှေ့ဆိုင်းတာ ဟာ အဓိပ္ပါယ်မရှိတဲ့ဆုံးဖြတ်ချက်ဖြစ်ကြောင်း ပရီးမီးယားလိဂ်တာဝန်ရှိသူတွေကို ဝေဖန်သွားခဲ့ပါတယ်။

ပီယာစ်မော်ဂန်ကတော့ ဘုရင်မကြီးဟာ အားကစားကိုချစ်မြတ်နိုးသူဖြစ်လို့ ပွဲစဉ်တွေ ဆက်ကစားတာကို နှစ်သက်မှာဖြစ်ကြောင်း၊ ပွဲအတွင်းမှာပဲ ဂုဏ်ပြုသင့်ကြောင်း မှတ်ချက်ပေးသွားပါတယ်။  

2 hours Ago

September 9, 2022

ဆော်လမွန်ကျွန်းနိုင်ငံ၏ ရွေးကောက်ပွဲ ရွှေ့ဆိုင်း

ဆော်လ်မွန်ကျွန်းများနိုင်ငံမှာ ဝန်ကြီးချုပ် မာနားဆေး ဆိုဂါဗားရေဟာ ဆော်လ်မွန်ကျွန်းများ ပါလီမန်က လာမယ့် အထွေထွေရွေးကောက်ပွဲကို ရွှေ့ဆိုင်းဖို့ စက်တင်ဘာ ၈ ရက်က အတည်ပြုခဲ့ ပါတယ်။ 

ဝန်ကြီးချုပ် ဆိုဂါဗားရေကတော့ ဆော်လ်မွန်ကျွန်းဟာ ထောက်ပံ့ရေးပိုင်း လိုအပ်ချက်တွေ ကြောင့် ပစိဖိတ်အားကစားပြိုင်ပွဲနဲ့  ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲ ၂ ခုလုံးကိုတော့ အောင်အောင် မြင်မြင် ဦးစီးကျင်းပနိုင်မှာ မဟုတ်ကြောင်း စောဒကတက် ပြောကြားထားပါတယ်။

ဝန်ကြီးချုပ် ဆိုဂါဗားရေရဲ့ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးနဲ့ ပတ်သက်ပြီး အတိုက်အခံပါတီတွေအကြား စိုးရိမ်မှုတွေ ရှိနေတဲ့ကြားမှာပဲ ရွေးကောက်ပွဲနှောင့်နှေးမှုအပေါ် အငြင်းပွားမှုတွေ ပေါ်ပေါက် လာတာပါ။ 

တရုတ်ဟာ ဆိုဂါဗားရေ ကတဆင့် ရန်ပုံငွေ ဒေါ်လာ ၂ သန်းခွဲ ထောက်ပံ့ပေးခဲ့ပြီး ဆိုဂါဗားရေဟာ  ၂၀၂၁ ခုနှစ်က ပါလီမန်အမတ် အယောက် ၅၀ ထဲက ၃၉ ဦးကို ခွဲဝေပေးခဲ့တာပါ။ 

ဆိုဂါဗားရေရဲ့အစိုးရဟာ တရုတ်ရဲတွေကို လူမှုစည်းမျဥ်းစည်းကမ်းတွေ ပြန်ထူထောင်ဖို့နဲ့ တရုတ်အခြေခံအဆောက်အအုံ စီမံကိန်းတွေကို ကာကွယ်ပေးဖို့ ခွင့်ပြုထားတဲ့ တရုတ်နိုင်ငံနဲ့ လုံခြုံရေးသဘောတူညီချက်ကို ဧပြီလက လက်မှတ်ရေးထိုးခဲ့ပါတယ်။ 

1 day Ago
Up