close

ရွှေ့ပြောင်းနေထိုင်သူများစခန်း

close

February 8, 2022

အမေရိကန်နယ်စပ်အနီးက ရွှေ့ပြောင်းနေထိုင်သူများ၏စခန်းများကို မက္ကဆီကို ရှင်းလင်း

မက္ကဆီကို အာဏာပိုင်တွေဟာ အမေရိကန်နယ်စပ်အနီး ရာချီတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေရှိရာ နိုင်ငံမြောက်ပိုင်းက ယာယီစခန်းတွေကို ဖေဖော်ဝါရီ ၆ရက်က ရှင်းလင်းခဲ့ပါတယ်။ 

ရွှေ့ပြောင်းနေထိုင်သူ အယောက် ၄၀၀ နီးပါးကို နယ်စပ်မြို့ တီဟွာနာ အနားက ခိုလှုံရေးစခန်း  ၃ ခုဆီ ဘတ်စ်ကားတွေနဲ့ လွှဲပို့ပေးခဲ့တယ်လို့ မြို့တော်ဝန် မွန်ဆီရတ် ကာဘယ်လေရိုက ပြောပါတယ်။

သူတို့ တီဟွာနာမှာ နေချင်သည်ဖြစ်စေ၊ လာရာ နိုင်ငံဆီကို ပြန်ချင်သည်ဖြစ်စေ ကူညီမယ်လို့ မြို့တော်ဝန်က ကတိပြုထားပါတယ်။

အမျိုးသားအစောင့်တပ်က စစ်သည်တွေ အပါအဝင် ဒါဇင်ချီတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက စခန်းတွေကိုဖျက်ပြီး သံဇကာတွေနဲ့ ကာနေတာကိုလည်း တွေ့ရပါတယ်။

မက္ကဆီကို နိုင်ငံထဲမှာ တရားဝင်နေဖို့ စာရွက်စာတမ်းတွေကို တောင်ပိုင်းနယ်စပ်မှာ ရှိနေတဲ့ ရွှေ့ပြောင်းနထိုင်သူ အယောက် ၂ ထောင်နီးပါးအတွက် ထုတ်ပေးတဲ့ လုပ်ငန်းစဉ် အရှိန်မြှင့်ရေး လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်တွေကို မက္ကဆီကို အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ဖေဖော်ဝါရီ ၅ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။

ထောင်သောင်းချီတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေဟာ သူတို့ဇာတိမြေကနေ နှစ်စဉ်ထွက်ပြေးရင်း အမေရိကန်ကို ရောက်ဖို့ ကြိုးစားနေတာပါ။ 

ဒါပေမယ့် သူတို့ထဲက လူအများအပြားကတော့ မက္ကဆီကို နိုင်ငံထဲမှာ ခိုလှုံခွင့်တောင်းခံဖို့ ကြိုးစားနေကြတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

1 min Ago
Up