close

ရွှေ့ပြောင်းနေထိုင်သူ ၃၀၀

close

June 28, 2021

အတ္တလန္တိတ်သမုဒ္ဒရာထဲမှ ကလေး ၂၆ အပါအဝင် ရွှေ့ပြောင်းနေထိုင်သူ ၃၀၀ ခန့်ကို စပိန် ကယ်ဆယ်

စပိန်နိုင်ငံ၊ ကာနာရီကျွန်းစုနားက အတ္တလန္တိတ်သမုဒ္ဒရာထဲကနေ ကလေး ၂၆ ယောက် အပါအဝင် ရွှေ့ပြောင်းနေထိုင်သူ ၂၉၈ ယောက်ထက် မနည်းကို ဇွန် ၂၆ နဲ့ ၂၇ ရက်တွေက ကယ်ဆယ် နိုင်ခဲ့တယ်လို့ ကျွန်းရဲ့အရေးပေါ်ဌာနက ပြောပါတယ်။

  ရွှေ့ပြောင်းနေထိုင်သူတွေဟာ လှေ ၇ စီး နဲ့ ခရီးသွားနေတာဖြစ်ပြီး သူတို့ကို ကျွန်း ၅ ကျွန်း  အနားမှာ တွေ့ခဲ့တာပါ။

 ကယ်လာတဲ့ ကလေး တယောက် အခြေအနေ အသည်းအသန်ဖြစ်နေလို့ ဆေးရုံကို လွှဲပေးထားရပါတယ်။

  ဂရန်းကာနာရီယာ ကျွန်းပေါ်က ဆိပ်ကမ်းမှာ ကျောက်ချလာတဲ့ ရွှေ့ပြောင်း နေထိုင်သူတွေကို တင်လာတဲ့ ကမ်းရိုးတန်းစောင့် သင်္ဘောပေါ်မှာ လူတွေ ကြပ်သိပ်နေပုံကို ရိုက်တာသတင်းဌာန သတင်းရုပ်သံက ပြထားပါတယ်။

  ဒီနှစ်ထဲမှာ ရွှေ့ပြောင်းနေထိုင်သူ အယောက် ၅၇၀၀ ကျော်ဟာ အာဖရိက ကနေ ကာနာရီ ကျွန်းစုဆီ အန္တရာယ်ကြီးတဲ့ ပင်လယ်ခရီးကို ဖြတ်သန်း လာရောက် ခဲ့ကြပါတယ်။

  ဒီလူဦးရေဟာ အရင်နှစ် အလားတူ ကာလ ကထက် နှစ်ဆဖြစ်ပြီး ၂၀၁၉ အလားတူ ကာလ ကထက် ၈ ဆ ပိုများတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

5 mins Ago

July 8, 2020

ရွှေ့ပြောင်းနေထိုင်သူ ၃၀၀ ခန့်နှင့် လူကုန်ကူးသူ ၈ ဦးကို တူရကီရဲတပ်ဖွဲ့ ဖမ်းဆီး

အေဂျီယန် ကမ်းရိုးတန်းမှာ ကပ်ထားတဲ့ ကုန်တင်သင်္ဘောပေါ်ကနေ ရွှေ့ပြောင်းလာသူ ၂၇၆ ယောက်နဲ့ လူကုန်ကူးသူ ၈ ယောက်ကို တူရကီအာဏာပိုင်တွေက ဇူလိုင် ၇ ရက်မှာ ဖမ်းဆီးလိုက်ပါတယ်။ ရွှေ့ပြောင်းသူတွေဟာ ဆီးရီးယား၊ အီရန်၊ အာဖဂန်နစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နဲ့ ဆိုမာလီယာနိုင်ငံတွေက ဖြစ်တယ်လို့လည်း နိုင်ငံပိုင် အနာဒိုလူသတင်းက ဖော်ပြပါတယ်။ တူရကီအလံလွှင့် သင်္ဘောရဲ့လုပ်ငန်းတွေကို ကာလရှည်စောင့်ကြည့်ခဲ့ပြီး ဇူလိုင် ၆ ရက်မှာတော့ သင်္ဘောပေါ်ကို ရွှေ့ပြောင်းလာသူတွေ တက်သွားတာ တွေ့ရတယ်လို့  ကမ်းခြေစောင့်အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။  ကမ်းခြေစောင့်တပ်ဖွဲ့ ရေယာဉ် ၅ စီးနဲ့ ရဲတပ်ဖွဲ့ ပူးပေါင်းစစ်ဆင်ရေးလုပ်ခဲ့ပြီး လူကုန်ကူးမှုမှာ ပတ်သက်သူတွေကို လက်ရဖမ်းဆီးခဲ့တယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 
12 months Ago
Up