close

ရွှေ့ပြောင်းလှေ တိမ်းမှောက်

close

December 15, 2022

ဗြိတိန်ကို ဦးတည်လာသည့် ရွှေ့ပြောင်းလှေ တိမ်းမှောက်ပြီး ၄ ဦးသေဆုံး

ပြင်သစ်နိုင်ငံကနေ ဗြိတိန်ကမ်းခြေကို ဦးတည်လာတဲ့ ရွှေ့ပြောင်းလှေငယ်တစင်းဟာ အေးခဲနေတဲ့ အင်္ဂလိပ်ရေလက်ကြားမှာ ဒီဇင်ဘာ ၁၄ ရက် အစောပိုင်းက တိမ်းမှောက်ခဲ့လို့ လူ ၄ ဦး သေဆုံးကြောင်း ဗြိတိသျှအစိုးရက ပြောပါတယ်။

တချို့လူတွေကို အက်ရှ်ဖို့ဒ်မြို့ရှိ ဆေးရုံကို ပို့ဆောင်ပေးထားပေမဲ့ သေမယ် ရှင်မယ် မသိရသေးကြောင်း Sky News အသံလွှင့်ဌာနက ကြေညာပါတယ်။

ဗြိတိန်ဝန်ကြီးချုပ်ကတော့ အင်္ဂလိပ်ရေလက်ကြားမှာ ရွှေ့ပြောင်းလှေငယ် တစင်း နစ်မြုပ်မှုနဲ့ လူ့အသက်တွေ ဆုံးရှုံးခဲ့ရတဲ့အတွက် ဝမ်းနည်းကြောင်း လွှတ်တော်မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

အသက်ကယ်လှေတွေ၊ ရဟတ်ယာဉ်တွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေဟာ ပြင်သစ်နဲ့ ဗြိတိန် ရေတပ်တွေနဲ့အတူ ဒီဖြစ်ရပ်ကို တုံ့ပြန်ဆောင်ရွက်ခဲ့ပါတယ်။

လူကုန်ကူးမှု ရာဇဝတ်ဂိုဏ်းတွေကနေ စီစဉ်တဲ့ ဗြိတိန်လူဝင်မှုကြီးကြပ်ရေးကိစ္စဟာ ဝန်ကြီးချုပ် ဆူးနတ်ခ်ရဲ့ အစိုးရအတွက် ဦးစားပေး ဖြေရှင်းလုပ်ဆောင်ရမယ့်ကိစ္စ ဖြစ်လာပါတယ်။

လေဘာပါတီခေါင်းဆောင် ကေရာစတာမာက အန္တရာယ်များတဲ့ ရေလက်ကြားလမ်းကြောင်းမှာ လုပ်စားနေကြတဲ့ ရာဇဝတ်ဂိုဏ်းတွေဟာ စိတ်ပျက်အားငယ်နေသူတွေရဲ့ အသက်ကို စွန့်စားပြီး သူတို့ရဲ့ ဆင်းရဲဒုက္ခတွေကနေ အမြတ်ထုတ်နေကြတာကြောင့် ဒီဂိုဏ်းတွေကို ဖြိုခွဲပြီး တရားမျှတမှုရအောင် လုပ်ရမယ်လို့ ပြောသွားပါတယ်။

1 min Ago
Up