close

ရွှေ့ပြောင်း မြန်မာ

close

June 24, 2021

ထိုင်းနိုင်ငံထဲ တရားမဝင်လာရောက်သည့် ရွှေ့ပြောင်း မြန်မာ ၁၅ ဦး ဖမ်းဆီးခံရ

ကရင်ပြည်နယ် မြန်မာ-ထိုင်းနယ်စပ်မှတဆင့် ထိုင်းနိုင်ငံထဲကို တရားမဝင် သွားရောက်တဲ့ ရွှေ့ပြောင်း မြန်မာအလုပ်သမား ၁၅ ဦး  ဇွန် ၂၃ ရက်ညနေ ၅ နာရီလောက်မှာ အဖမ်းခံခဲ့ရပါတယ်။

ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေဟာ  ကရင်ပြည်နယ်၊ ဘားအံခရိုင်ဘက်က ထိုင်းနယ်စပ်ကို ရောက်ရှိလာပြီး ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်ကို သွားရောက်အလုပ်ရှာ လုပ်မယ့်သူတွေ ဖြစ်ကြပါတယ်။

သူတို့ဟာ  ထိုင်းနိုင်ငံဘက်ကို ကူးသွားပြီး ကားစောင့်နေချိန် တာခ်ရိုင် တာဆောင်ရမ်းမြို့နယ်၊ ရပ်ကွက်(၆)မှာ  ထိုင်းစစ်တပ်၊ ထိုင်းနယ်ခြားရဲနဲ့ ဒေသလုံခြုံရေးတပ်ဖွဲ့တို့က  ပူးပေါင်းဖမ်းဆီး လိုက်တာဖြစ်တယ်။

ဖမ်းဆီးခံရသူတွေကို ထိုင်းစစ်တပ်က ထိုင်းရဲကိုအပ်နင်းပြီး ထိုင်းနိုင်ငံပြည်ဝင်ခွင့် အထောက်ထားမဲ့ နဲ့  ထိုင်းဥပဒေအတိုင်းအရေးယူဆောင်ရွက်သွားဖို့ရှိပါတယ်။

မြန်မာ-ထိုင်းနယ်စပ်မှာ စစ်အာဏာသိမ်းနောက်ပိုင်း မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ ထိုင်းနိုင်ငံဘက်ကို တရာမဝင် သွားရောက်ရင်း မကြာခဏ ဖမ်းဆီးခံနေရပါတယ်။ ထိုင်းရောက် မြန်မာအလုပ်သမားတွေ မြန်မာပြည်တွင်းကို တရားဝင်ပြန်ဖို့အတွက်ကိုလည်း အာဏာသိမ်းစစ်ကောင်စီက  ပြည်တော်ပြန်ဝင်ခွင့်ပိတ်ထားပါတယ်။ 

5 mins Ago
Up