close

ရှက်တာဒိုးနက်အသင်း

close

December 30, 2022

မူဒရစ်ခ်အတွက် အာဆင်နယ်နှင့် ဆွေးနွေးနေဟု ရှက်တာဒိုးနက်အသင်းအတည်ပြု

ယူကရိန်းကြယ်ပွင့်ကစားသမား မူဒရစ်ခ်အတွက် အာဆင်နယ်အသင်းနဲ့ ဆွေးနွေးနေကြာင်း ရှက်တာဒိုးနက်အသင်းရဲ့ စီအီးအိုက အတည်ပြုသွားပါတယ်။

အာဆင်နယ်အသင်းဟာ တောင်ပံတိုက်စစ်ကစားသမား မက်ခိုင်လိုမူဒရစ်ခ်အတွက် ပေါင် ၅၇ သန်းနဲ့ ပထမဆုံးအကြိမ် ကမ်လှမ်းခဲ့ပေမယ့် ရှက်တာဒိုးနက် အသင်းဘက်ကပယ်ချခဲ့တာပါ။

မူဒရစ်ခ်အတွက် အာဆင်နယ်ဘက်ကကမ်းလှမ်းခဲ့တာကို အသင်းစီအီးအို ပယ်ကင်က အတည်ပြုခဲ့ပြီး အသက် ၂၁ နှစ်ရှိကြယ်ပွင့်ကစားသမားအတွက် ဆွေးနွေး မှုတွေ ဆက်လုပ်နေတယ်လို့ဆိုပါတယ်။

ကစားသမားဖြစ်သူဘက်ကတော့ အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေပြီး မိခင်ကလပ်ဘက်ကို တိုက်တွန်းနေပါတယ်။

ရှက်တာဒိုးနက်ဘက်ကတော့ မူဒရစ်ခ်အတွက် ပေါင်သန်း ၈၀ အထိ အလိုရှိနေပြီး အာဆင်နယ်နဲ့ ဆက်လက်ဆွေးနွေးနေတာဖြစ်ပါတယ်။ 

12 mins Ago
Up