close

ရှင်းကျန်း

close

October 3, 2022

ရှင်းကျန်းဒေသ၌ လေအေးများကြောင့် နှင်းကျကာ အပူချိန် ၃ ဒီဂရီအောက်ထိ ကျဆင်း

တရုတ်နိုင်ငံအနောက်မြောက်ပိုင်း၊ ရှင်းကျန်းပြည်နယ်၊ ဝီဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ မကြာသေးမီက လေအေးတွေကြောင့် သီတင်းပတ်ကုန်ရက်က နှင်းတွေကျဆင်းခဲ့လို့  အပူချိန် ၃ ဒီဂရီကနေ  ၅ ဒီဂရီ စင်တီဂရိတ်အထိ ကျဆင်းသွားပါတယ်။

ရှင်ကျန်းပြည်နယ် အူရမ်ကီမြို့မှာ အောက်တိုဘာ ၁ ရက်က နှင်းကျခဲ့လို့ ဒေသ အပူချိန်ဟာ သုညဒီဂရီစင်တီဂရိတ်အောက်ထိ သိသိသာသာကျဆင်းသွားပါတယ်။ 

ဆီးနှင်းတွေကျခဲ့လို့ မာနတ်စ်မြို့နယ်ရဲ့ တောင်ဘက် တောင်တန်း ဧရိယာကို နှင်းထု ခုနစ် စင်တီမီတာ ဝန်းကျင်အထိ ထူထူထပ်ထပ် လွှမ်းမိုးခဲ့တာပါ။

ဒေသတွင်း မြက်ခင်းပြင်မှာ နှင်းတွေ ဖုံးလွှမ်းနေတာကြောင့် နွားကျောင်းသားတွေက အအေး ဒဏ်ကို ကာကွယ်ဖို့ သူတို့ရဲ့ တိရစ္ဆာန်တွေကို ပြန်လည် ထိန်းကျောင်းခဲ့ကြပါတယ်။

ယခုနှစ် ဆီးနှင်းကျတာဟာ အရင်နှစ်တွေကထက်စောနေလို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ရာသီဥတု အတက်အကျရဲ့ သက်ရောက်မှုကို လျှော့ဖို့ အိမ်မွေးတိရစ္ဆာန်တွေကို လွှတ်ကျောင်းမယ့် အစားအစာကျွေးဖို့ ပြင်ဆင်ခဲ့ကြပါတယ်။

10 mins Ago

July 17, 2022

ရှင်းကျန်းကို ပိုလမ်းမ၏အဓိကဧရိယာဖြစ်ရေး ကြိုးစာရန် တရုတ်သမ္မတ ဆော်ဩ

တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ တရုတ်နိုင်ငံအနောက်မြောက်ပိုင်းက ရှင်းကျန်း ဝီဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ပိုးလမ်းမစီးပွားရေးခါးပတ်လမ်းရဲ့ အဓိကဧရိယာအဖြစ် ပိုကြိုးစားဖို့ ဆော်ဩခဲ့ပါတယ်။

ရှင်ကျန်းပြည်နယ်ဟာ အာရှအလယ်ပိုင်း၊ အရှေ့အလယ်ပိုင်းနဲ့ ဥရောပကို ထွက်ဖို့ တရုတ်နိုင်ငံရဲ့ တံခါးပေါက်ဖြစ်ပြီး နိုင်ငံရဲ့ အနောက်ဘက်စွန်းအဖြစ် ဗျူဟာမြောက်နေရာမှာ ရှိနေပါတယ်။

ရှင်းကျန်းဟာ တရုတ်နိုင်ငံက အဆိုပြုထားတဲ့ ခါးပတ်တကွင်း လမ်းတစင်း ပဏာမခြေလှမ်း (BRI) မှာ အာရှ၊ ဥရောပနဲ့ အာဖရိကတို့ကို ချိတ်ဆက်ပေးတဲ့ ကုန်သွယ်ရေးနဲ့ အခြေခံအဆောက်အဦဆိုင်ရာ မူဘောင်တခုဖြစ်သည့် ရှေးခေတ်ပိုးလမ်းမ လမ်းကြောင်းတွေ တလျှောက်နဲ့ အဲဒီထက် ကျော်လွန်အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။

ဇူလိုင် ၁၂ မှ ၁၅ ရက်အထိအထိ ရှင်ကျန်းခရီးစဉ်အတွင်း သမ္မတရှီက လူမျိုးပေါင်းစုံဒေသကို (BRI) ပူးပေါင်းဆောင်ရွက်ရေးမှာ အချက်အချာကျတဲ့နေရာလို့ ခေါ်ဆိုခဲ့ပါတယ်။

ရှင်းကျန်းဒေသဟာ အလုံပိတ်ကုန်းတွင်းပိုင်းကနေ တံခါးဖွင့်ခြင်း ရှေ့တန်းအဖြစ် အသွင်ပြောင်း သွားတယ်လို့ သမ္မတက ဇူလိုင် ၁၂ ရက်မွန်းလွဲပိုင်းက အူရမ်ကီနိုင်ငံတကာ ကုန်းတွင်းဆိပ်ကမ်းဧရိယာမှာ ဝန်ထမ်းတွေကို ပြောခဲ့ပါတယ်။

နိုင်ငံတကာ ကုန်းတွင်းဆိပ်ကမ်းဧရိယာမှာ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးကြီးတဲ့ တံခါးပေါက်ဖြစ်တဲ့ တရုတ်-ဥရောပ အမြန်ရထား အူရမ်ကီ၊ အလာရှန်ကို့ဗ် ဆိပ်ကမ်းနဲ့ ဟော်ရ်ဂို့စ်  ဆိပ်ကမ်းတို့ရဲ့ လုပ်ငန်းဆောင်ရွက်ပုံတွေကို စစ်ဆေးခဲ့ပါတယ်။  

ကုန်းတွင်းဆိပ်ကမ်းရဲ့ အကောက်ခွန်သတင်းအချက်အလက်တွေအရ ၂၀၂၀ ခုနှစ် ဇန်နဝါရီလက တည်းက ဆိပ်ကမ်းကတဆင့် တရုတ်ယွမ်ငွေ ၁ ဘီလီယံကျော်တန်ဖိုးရှိတဲ့ နယ်စပ်ဖြတ်ကျော် ကုန်သွယ်တင်ပို့မှု ပေါင်း ၅၇ သန်းကျော်ကို တင်ပို့ခဲ့ပါတယ်။ 

တရုတ်နိုင်ငံဟာ ၁၉၉၉ ခုနှစ်က အနောက်ပိုင်း ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာကို ချမှတ်ခဲ့ပြီး အဲဒီအချိန်ကစလို့ နိုင်ငံရဲ့ အနောက်ဘက်ဒေသတွေမှာ ထူးထူးခြားခြား တိုးတက်မှုခဲ့ပါတယ်။

တရုတ်နိုင်ငံအနောက်ဘက်မှာ GDP အရှိန်အဟုန်နဲ့ ကြီးထွားလာလို့ နိုင်ငံရဲ့အရှေ့ခြမ်းနဲ့ အနောက်ခြမ်းကြား ဖွံ့ဖြိုးမှုကွာဟချက်ကို ကျဉ်းမြောင်းစေတယ်လို့လည်း အကြံပြုထားပါတယ်။

3 months Ago
Up