close

ရှနိုက်ဒါလင်

close

March 31, 2023

မန်ယူအသင်းဆီပြောင်းရွှေ့ခဲ့စဉ်က အချိန်ကောင်းမဟုတ်ခဲ့ဟု ကွင်းလယ်လူ ရှနိုက်ဒါလင်ပြော

မန်ယူအသင်းဆီ မှားယွင်းတဲ့အချိန်မှာ ပြောင်းရွှေ့ခဲ့မိကြောင်း ပြင်သစ်ကွင်းလယ်လူ ရှနိုက်ဒါလင် ကပြောပါတယ်။

အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ ရှနိုက်ဒါလင်ဟာ ၂၀၁၅ ခုနှစ်က ဆောက်သမ်တန်ကနေ မန်ယူအသင်းဆီ ပြောင်းရွှေ့ခဲ့ပေမဲ့ ပွဲထွက်ခွင့်မရခဲ့မှုနဲ့အတူ ခြေစွမ်းပြသနိုင်ခြင်းလည်း မရှိခဲ့ပါဘူး။

ဒါကြောင့် ၂၀၁၇ ခုနှစ်မှာ အဲဗာတန်အသင်းဆီကို ပြောင်းရွှေ့ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်မှာ နိုက်စ်၊ လက်ရှိ အချိန်မှာ သြစတြေးလျကလပ် ဝက်စ်တန်ဆစ်ဒနီအသင်းမှာ ကစားနေတာပါ။

မန်ယူအသင်းဆီ ပြောင်းရွှေ့ခဲ့တဲ့အချိန်ဟာ အချိန်ကောင်းမဟုတ်ခဲ့ကြောင်းနဲ့ ယူနိုက်တက်အသင်းရဲ့ လေ့ကျင့်ရေးကွင်းဟာ ခေတ်စနစ်နဲ့အညီပြောင်းလဲဖို့ လိုအပ်နေချိန်ဖြစ်ကြောင်း ရှနိုက်ဒါလင်က ပြောပါတယ်။

ဒါ့အပြင် ယူနိုက်တက်မှာ ၄၇ ပွဲသာကစားခဲ့ရပြီးနောက် ၂ နှစ်အတွင်းမှာပဲ အဲဗာတန်အသင်း ဆီပြောင်းရွှေ့ခဲ့တာဟာလည်းနောင်တရစရာဖြစ်ခဲ့တယ်လို့ ရှိနိုက်ဒါလင်ကပြောပါတယ်။

အဲဗာတန် အသင်းမှာလည်း မအောင်မြင်ခဲ့တာဟာ နည်းပြအပြောင်းအလဲတွေ များခဲ့တာကြောင့်ဖြစ်တယ်လို့ ရှနိုက်ဒါလင်က ပြောသွားပါတယ်။

3 mins Ago
Up