close

ရှမ်းပြည်တောင်ပိုင်းတော်လှန်ရေးလူငယ်အဖွဲ့

close

February 24, 2022

ရှမ်းပြည်တောင်ပိုင်းတော်လှန်ရေးလူငယ်အဖွဲ့ (SSRY) မိုးဗြဲတိုက်ပွဲ၌ စတင်ပါဝင်တိုက်ခိုက်

ရှမ်းပြည်နယ်တောင်ပိုင်းက လူငယ်တွေနဲ့ဖွဲ့စည်းထားတဲ့ ရှမ်းပြည်တောင်ပိုင်း တော်လှန်ရေးလူငယ်အဖွဲ့  SSRY (Eagle Force)ဟာ ပွဲဦးထွက်တိုက်ပွဲအဖြစ် မိုးဗြဲတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်နေတယ်လို့ အဖွဲ့တာဝန်ရှိသူကပြောပါတယ်။

သူတို့အဖွဲ့ဟာ ရှမ်းပြည်နယ်မှာရှိနေတဲ့လူငယ်တွေစုစည်းဖွဲ့စည်းထားတာဖြစ်ပေမဲ့ စစ်အာဏာရှင်အမြစ်ပြတ်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်နေတဲ့ ဘယ်အဖွဲ့နဲ့မဆို ပူးပေါင်းတိုက်ခိုက်သွားမယ်လို့ဆိုပါတယ်။

SSRYဟာ မိုးဗြဲတိုက်ပွဲအတွင်း ဒေသခံကရင်နီပူးပေါင်းတပ်တွေနဲ့အတူ တိုက်ပွဲဝင်ခဲ့ပြီး တိုက်ပွဲအတွင်း ရဲဘော်တစ်ဦးလည်း ကျဆုံးထားပါတယ်။

ရှမ်းပြည်နယ်မှာရှိနေတဲ့လူငယ်တွေအနေနဲ့လည်း တော်လှန်ရေးမှာပါဝင်ချင်တယ်ဆိုရင် SSRYကို ချိတ်ဆက်နိုင်တယ်လို့ အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

SSRYအဖွဲ့ရဲ့စစ်သင်တန်းကိုတော့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာမှာ စတင်ခဲ့တာဖြစ်ပြီး ပွဲဦးထွက်တိုက်ပွဲကိုတော့ ခုချိန်မှ စတင်တာဖြစ်ပါတယ်။

လက်ရှိမှာ SSRYအဖွဲ့ဟာ ရှမ်းပြည်နယ်နဲ့ ကရင်နီပြည်နယ်အစပ်မှာ အခြေပြုလှုပ်ရှားနေပါတယ်။

ရှမ်းပြည်နယ်နဲ့ ကရင်နီပြည်နယ်အစပ်မှာရှိတဲ့ မိုးဗြဲမှာဖေဖော်ဝါရီ ၂၃ ရက်နေ့အထိ သတင်းတပတ်ကျော် ဆက်တိုက် တိုက်ပွဲတွေပြင်းထန်နေပြီး  နှစ်ဖက် ထိခိုက်ကျဆုံးတာတွေ အများအပြားရှိနေပါတယ်။

1 min Ago
Up