close

ရှမ်း/မြောက် ကာကွယ်ရေးတပ်

close

August 24, 2021

ရှမ်း/မြောက် ကာကွယ်ရေးတပ်ဖွဲ့စည်း

ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းက မူဆယ်၊ နမ့်ခမ်း၊ လားရှိုး၊ သိန္နီနဲ့ ကျောက်မဲမြို့က ပြည်သူ့ကာကွယ်ရေးတပ်တွေဟာ ဩဂုတ် ၂၄ ရက်နေ့မှာ မဟာမိတ်အဖြစ် ပူးပေါင်းပြီး ရှမ်း/မြောက် ကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့စည်းလိုက်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းမှာ UWSA(ဝတပ်)၊ SSPP(မြောက်ပိုင်းရှမ်းတပ်)၊ RCSS (တောင်ပိုင်းရှမ်းတပ်)၊ TNLA (တအာင်းတပ်)၊  KIA(ကချင်တပ်)၊  MNDAA(ကိုးကန့်တပ်)စတဲ့ တိုင်းရင်းသားတပ်တွေ အခြေချတည်ရှိပါတယ်။

အဲ့ဒီထဲက KIA၊ MNDAA တပ်တွေဟာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ လက်ရှိ တိုက်ပွဲဖြစ်ပွားနေပါတယ်။

လက်ရှိဖွဲ့စည်းထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ ပြည်သူ့ကာကွယ်ရေးတပ် (PDF)တွေကတော့  စစ်ရေးလှုပ်ရှားမှုမရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

2 mins Ago
Up