တက်စလာကားကုမ္ပဏီရဲ့ စီအီးအိုဖြစ်သူ အီလွန်မက်စ်ဟာ ဝယ်လိုအားတက်လာစေဖို့အတွက် လျှပ်စစ်ကား ဈေးနှုန်းတွေကို ဆက်လက်လျှော့ချနေတာကြောင့် ဧပြီ ၂၀ ရက်က ကုမ္ပဏီရဲ့ ရှယ်ယာ တန်ဖိုးဟာ ၁၀ ရာခိုင်နှုန်းနီးပါးအထိ ကျဆင်းသွားပါတယ်။
အမြတ်ငွေရရှိမှု ကျဆင်းခဲ့ပြီးနောက် လျှပ်စစ်ကားထုတ်လုပ်ရေး ထိပ်တန်းကုမ္ပဏီရဲ့ ရှယ်ယာ ဈေးကွက်တန်ဖိုးမှာလည်း ဒေါ်လာဘီလံယံပေါင်း ၅၀ ကျော် အထိ ဆုံးရှုံးခဲ့ပါတယ်။
ဈေးနှုန်းအရ ပြိုင်ဆိုင်မှု မြင့်တက်လာမှုကို စိုးရိမ်နေကြတာကြောင့် General Motors နဲ့ Volkswagen AG တို့အပြင် တခြားကားထုတ်လုပ်ရေးကုမ္ပဏီတွေရဲ့ ရှယ်ယာတွေမှာပါ ထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။
၂၀၂၁ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တက်စလာရဲ့ စုစုပေါင်း ဈေးကွက် ရှယ်ယာတန်ဖိုးဟာ ဒေါ်လာ ၅၁၇ ဘီလီယံနဲ့အတူ မက်တာ(Meta)ကုမ္ပဏီရဲ့ အောက်မှာသာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ရပ်တည်ခဲ့ပါတယ်။
ဒါ့အပြင် ၂ နှစ်ကျော်ကာလအတွင်း တက်စလာရဲ့ စုစုပေါင်း အမြတ်ငွေဟာလည်း ပထမ သုံးလပတ်မှာ အနိမ့်ဆုံးအဆင့်အထိ ကျဆင်းသွားပြီး ဝေါ်စထရိ(Wall Street) ခန့်မှန်းချက်တွေ နဲ့လည်း လွဲချော်ခဲ့ပါတယ်။
အမေရိကန်နိုင်ငံမှာ ကုမ္ပဏီရဲ့ လွှမ်းမိုးနိုင်စွမ်းအပေါ် ကာကွယ်နိုင်ဖို့အပြင် ဒုတိယအကြီးမားဆုံး ဈေးကွက်ဖြစ်တဲ့ တရုတ်နိုင်ငံမှာလည်း ရောင်းအားတိုးလာစေဖို့အတွက် ကမ္ဘာလုံးဆိုင်ရာ ဈေးနှုန်းအရပြိုင်ဆိုင်မှုကို ပြီးခဲ့တဲ့ဇန်နဝါရီလမှာ တက်စလာကုမ္ပဏီက အရှိန်မြှင့်ခဲ့ပါတယ်။
ဧပြီ ၁၉ ရက်တုန်းကလည်း တက်စလာကုမ္ပဏီဟာ သုံးလပတ် ဈေးနှုန်းချိန်ညှိမှုအဖြစ် ရှယ်ယာ တစ်ခုကို ဒေါ်လာ ၈၅ ဆင့် ရရှိကြောင်း ထုတ်ပြန်ခဲ့ပြီး လေ့လာအကဲခတ်သူ ၂၈ ဦးရဲ့ ပျှမ်းမျှ ခန့်မှန်း ချက်နဲ့ ကိုက်ညီခဲ့ပါတယ်။
လွန်ခဲ့တဲ့တစ်နှစ်က တက်စလာရဲ့ ဝင်ငွေဟာ ဒေါ်လာ ၂၃ ဒသမ ၃၃ ဘီလီယံနဲ့အတူ ၂၄ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်လာခဲ့ပြီး အကဲဖြတ်သူတွေက ၂၃ ဒသမ ၂၁ ဘီလီယံ ရရှိမယ်လို့ မျှော်မှန်းခဲ့တာပါ။ တက်စလာရဲ့ သုံးလပတ်အတွင်း ရှယ်ယာတစ်ခုအတွက် ရရှိငွေဟာ ဒေါ်လာ၇၃ ဆင့်သာ ရှိပါတော့တယ်။
တွစ်တာ နိုင်ငံတကာကော်ပိုရေးရှင်းဟာ အောက်တိုဘာ ၂၅ ရက်မှာ စီးပွားရေးရလဒ်တွေကို အစီရင်ခံတဲ့အခါ သုံးလပတ်ဝင်ငွေ ကျဆင်းသွားပါတယ်။
ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုအခြေစိုက် ကုမ္ပဏီဟာ လွန်ခဲ့တဲ့တနှစ်က ဝင်ငွေ ဒေါ်လာ ၁ ဒသမ ၂၈ ဘီလီယံကနေ ၁ ဒသမ ၂၆၁ ဘီလီယံအထိ ဝင်ငွေ ၁ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းဖို့ ခန့်မှန်းထားတယ်လို့ Refinitiv ဒေတာကို အခြေခံပြီး လေ့လာသူ ၂၅ ဦးက ပျမ်းမျှ ခန့်မှန်းထားပါတယ်။
တွစ်တာအတွက် Refinitiv ရဲ့ ပျမ်းမျှခွဲခြမ်းစိတ်ဖြာသူ ခန့်မှန်းချက်ဟာ ရှယ်ယာတခုကို ဒေါ်လာတပြား ဝင်ငွေအတွက် ဖြစ်ပါတယ်။ လေ့လာသူတွေရဲ့ ပျမ်းမျှဝင်ငွေ ခန့်မှန်းချက်ဟာ ပြီးခဲ့တဲ့ သုံးလအတွင်း မပြောင်းလဲခဲ့ပါဘူး။
တွစ်တာ နိုင်ငံတကာ ကော်ပိုရေးရှင်းအတွက် Wall Street စတော့ရှယ်ယာညွှန်းကိန်းရဲ့ ပျမ်းမျှ ၁၂ လစျေးနှုန်းပစ်မှတ်ဟာ သူ့ရဲ့ နောက်ဆုံးအပိတ်စျေးနှုန်း ဒေါ်လာ ၅၂ ဒသမ ၄၄ အောက် လျော့နည်းခဲ့ပါတယ်။