close

ရှာဖွေ

close

September 18, 2021

ရေးမြို့ အမတ်ဟောင်း ဦးမျိုးဝင်းအိမ် ရှာဖွေခံရ

မွန်ပြည်နယ် ရေးမြို့က NLD အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမျိုးဝင်း နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စက်တင်ဘာ ၁၈ ရက် မနက်က ဝင်ရောက်ရှာဖွေခဲ့တယ်လို့  ဒေသခံတစ်ဦးက ပြောပါတယ်။

အခုလို ဝင်ရောက်ရှာဖွေခဲ့ပေမယ့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲမှာ ပါဝင်ပတ်သက်သူတွေကို လိုက်လံဖမ်းဆီးချိန် ကတည်းက  ဦးမျိုးဝင်းဟာ နေအိမ်ကနေ ထွက်ပြေးတိမ်းရှောင်နေတာလို့ ဒေသခံတွေက ပြော ပါတယ်။

ဒေသခံ  Facebook အကောင့်ပိုင်ရှင် (စတီဗင်အုပ်ကြီး) ဆိုသူအား Mytel tower တိုင်ရှိ cabinet ပုံးကို ကူးယူတင်ပြခဲ့လို့ဆိုပြီး ဖမ်းဆီးလိုက်တယ်လို့ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်တွေ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲကနေ ဒီနေ့အထိ မတရားဖမ်းဆီး ထားခံရတဲ့သူတွေမှာ ၃၀ ဦးကျော်ခန့်ရှိပြီး ဒီနေ့အထိ ထွက်ပြေးတိမ်းရှောင်နေရသူတွေမှာလည်း ရာနဲ့ ချီ ရှိတယ်လို့ ဆိုပါတယ်။

1 hour Ago

September 8, 2020

လေယာဉ်တင်သင်္ဘောပေါ်မှ ပျောက်ဆုံးသင်္ဘောသားကို အမေရိကန်ရေတပ် ရှာဖွေ

အမေရိကန် ရေတပ်ဟာ မြောက်အာရေဗျပင်လယ်အတွင်း ခုတ်မောင်းနေတဲ့ လေယာဉ်တင် သင်္ဘော USS နစ်မစ်ဇ်ပေါ်ကနေ ပျောက်နေတဲ့ သင်္ဘောသားတယောက်ကို ရှာနေတယ်လို့ အမေရိကန် ရေတပ် တပ်မဟာ-၅ က ပြောပါတယ်။ သင်္ဘောတစီးလုံး ရှာအပြီးမှာ သင်္ဘော ဘယ်ရောက်နေတယ်ဆိုတာ ရှာမရလို့ စက်တင်ဘာ ၆ ရက် ဒေသစံတော်ချိန် ညနေ ၇ နာရီလောက်မှာ အဲဒီအမျိုးသားကို ရေထဲမှာ စရှာခဲ့တယ်လို့ တွစ်တာပေါ်မှာ ကြေညာချက် ထုတ်ပြန်ထားပါတယ်။ နစ်မစ်ဇ် လေယာဉ်တင်သင်္ဘောနဲ့ ပဲ့ထိန်းဒုံးတပ် ဖျက်သင်္ဘော USS ပရင့်စ်တွန်တို့က ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်။ အမေရိကန်ရေတပ်ရဲ့ မူဝါဒအရ ပျောက်ဆုံးသင်္ဘောသားရဲ့ နာမည်ကိုတော့ မထုတ်ပြန်ဘူးလို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။
1 year Ago
Up