close

ရှားတောမြို့နယ်

close

January 5, 2022

ရှားတောမြို့နယ်တိုက်ပွဲ စစ်ကောင်စီ ဒုရင်းမှူး ၁ ဦးအပါအဝင် ၁၆ ဦးထက်မနည်း သေဆုံး

ကယားပြည်နယ် ရှားတောမြို့နယ်အတွင်း ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်မတော် (KA) တို့ ဇန်နဝါရီ ၄ ရက်နေ့ မွန်လွဲပိုင်းက ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ဒုရင်းမှူးအပါအဝင် ၁၆ ဦး သေဆုံးခဲ့ကြောင်း ကရင်နီတပ်မတော်က ဒီကနေ့ ထုတ်ပြန်ပါတယ်။

အင်အား ၃၀၀ ကျော် ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ဟာ မနေ့မွန်းလွဲ ၁ နာရီအချိန် ပွန်ချောင်းရွာကော်ပြီး စစ်ဝန်တောင်အတက်လမ်းမကြီးမှာ ကရင်နီတပ်မတော်နဲ့ ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲ ၂ နာရီဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၆ ဦးထက်မနည်း သေဆုံးက အများအပြား ထိခိုက်ဒဏ်ရာရှိခဲ့တာလို့ ဆိုပါတယ်။ 

'စကစ ဘက်မှ ဒုရင်းမှူးအဆင့်ရှိ ကျော်သူစိုး အပါအဝင်.. အနည်းဆုံး ၁၆ ယောက် သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ သေဆုံးသွားတဲ့ ကျော်သူစိုးကို BGF ၁၀၀၄ စခန်း (စစ်ဝန်တောင်စခန်း) မှာထားခဲ့ပြီး ထို BGF တပ်ဖွဲ့ဝင်များကို.. လက်နက်မပါ လူသားဒိုင်းအဖြစ် အသုံးပြုစေခိုင်းမည်ဟု သတင်းရရှိကြောင်း' ဖော်ပြထားပါတယ်။

ဒီတိုက်ပွဲအတွက် ကရင်နီတပ်မတော်ဘက်က တပ်ဖွဲ့ဝင်တဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း ဖော်ပြပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လမ်းတလျှောက် လက်နက်ကြီးပစ်ပြီး လမ်းရှင်းတာတွေအပြင် ဘူဒိုဇာနဲ ဘက်ဟိုးယာဉ်တွေကို အသုံးပြီးလည်း လမ်းတွေ ရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သူတို့ရောက်ရှိတဲ့ ကျေးရွာမှာ ညအိပ်တပ်စွဲပြီး ပြည်သူတွေရဲ့ အိုးအိမ်၊ ဆိုင်ခန်းတွေကို ဖောက်ထွင်းပြီး ပစ္စည်းခိုးယူတဲ့အပြင် အိမ်တချို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် BGF အသွင်ပြောင်းထားတဲ့ ကလလတ တပ်ဖွဲ့ဝင်ကိုလည်း အကြပ်ကိုင်ကာ လမ်းပြခိုင်းသလို ရှေ့သွားပွိုင့်အနေနဲ့ စေခိုင်းခဲ့တယ်လို့ ဆိုပါတယ်။

ဒီလိုထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကရင်နီတပ်မတော်နဲ့ ကရင်နီပြည်သူ့ကာကွယ်တပ်မတော် (KNDF) တို့ ပူးပေါင်းပြီး ခုခံတွန်းလှန်သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ဒီတိုက်ပွဲကြောင့်လည်း အဲဒီအနီးအနားက ကျေးရွာတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ ပြီးခဲ့ပတ်အတွင်းမှာလည်း ရှားတောနဲ့ လွိုင်ကော်ကားလမ်းမကြီးဘေးက ပါလောင်းကျေးရွာအနီးမှာ တိုက်ပွဲတစ်ကြိမ်ဖြစ်ပွားခဲ့တာကြောင့် ကျေးရွာအနီးအနား ဒေသခံတွေအားလုံး စစ်ဘေးရှောင်နေခဲ့ကြရပါတယ်။

6 mins Ago

November 6, 2020

ကယားလွှတ်တော်ဥက္ကဋ္ဌကို ထောက်ခံဝန်;ရံသူများ စီတန်းလှည့်လည်

ကယားပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေးကို ထောက်ခံဝန်ရံသူတွေက ရှားတောမြို့နယ်မှာ နိုဝင်ဘာ ၅ ရက်နေ့က မဲဆွယ်စည်းရုံးမှုတွေပြုလုပ်ခဲ့ပါတယ်။ ဦးလှထွေးဟာ ရှားတောမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒ ၂  တသီးပုဂ္ဂလအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်တာဖြစ်ပြီး အန်အယ်လ်ဒီပါတီက ဒေါ်နော်ဆဲဂေထူး၊ KySDP ကစိုင်းအုန်းမြင့်၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဒေါ်ခင်မာဝင်း၊ UBP ပါတီက ဦးအောင်စိုးနဲ့ NDF ပါတီက ဦးမောင်မောင်သန့်တို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ဦးလှထွေးဟာ  ၂၀၁၅ ရွေးကောက်ပွဲတုန်းက အဆိုပါ မဲဆန္ဒနယ်မြေမှာပဲ အန်အယ်လ်ဒီပါတီကိုယ်စားလှယ်အနေနဲ့ အနိုင်ရခဲ့ပြီး လွှတ်တော်ဥက္ကဋ္ဌ အဖြစ်ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။ ပြည်နယ်ဝန်ကြီးချုပ်ကို အယုံအကြည်မရှိကြောင်း ကယားပြည်နယ်လွှတ်တော်မှာ စက်တင်ဘာ ၁ ရက်က ထောက်ခံမဲအများစုနဲ့ စွပ်စွဲပြစ်တင်  မဲခွဲဆုံးဖြတ်ပြီးနောက် စက်တင်ဘာ ၃ ရက်နေ့မှာ သမ္မတက ဦးအယ်လ်ဖောင်းရှိုကို ဝန်ကြီးချုပ်ရာထူးကနေ  ရပ်ဆိုင်းခဲ့ပါတယ်။ ဒီပေါ်မှာ ပြည်နယ်လူထုတွေက ဦးလှထွေးကို ဝေဖန်မှုတွေရှိနေသလို ထောက်ခံသူတွေလည်း ရှိခဲ့ပါတယ်။ ကယားပြည်နယ်မှာ တစ်သီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်း ၁၃ ဦးအပါအဝင်  နိုင်ငံရေးပါတီ ၁၂ ပါတီမှ ကိုယ်စားလှယ်လောင်း စုစုပေါင်း ၂၃၂ ဦး ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ကြမှာဖြစ်တယ်လို့ သိရပါတယ်။ ဓာတ်ပုံ- SEIN WIN  
1 year Ago
Up