close

ရှားတောလေးရွာ

close

November 17, 2021

အမရပူရမြို့နယ်၊ ရှားတောလေးရွာအနီး အမျိုးသား ၁ ဦး ပစ်သတ်ခံရ

မန္တလေးမြို့၊ အမရပူရမြို့နယ်၊ ရှားတောလေးကျေးရွာအနီး ထုံးဘို - ပြင်ဦးလွင် ကားလမ်းပေါ်မှာ နိုဝင်ဘာ ၁၆  ရက် ညနေပိုင်းက အမည်မသိအမျိုးသားတယောက် သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။

သေဆုံးသူဟာ အသက် ၄၀  ခန့်အရွယ် အမျိုးသားဖြစ်ပြီး သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတာဖြစ်တယ်လို့ အနီးပါတ်ဝန်းကျင် ကနေ သိရပါတယ်။

သေဆုံးသူအမျိုးသားမှာ ဗိုက်မှာ  နှစ်ချက်၊ နားထင်မှာ နှစ်ချက်၊ လည်ပင်းတစ်ချက် သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးတာဖြစ်ပြီး သူ့ရဲ့ ရုပ်အလောင်းကို မန္တ​လေးဆေးရုံကြီးကို သယ်ဆောင်သွားတယ်လို့ ကနဦး သိရပါတယ်။

57 seconds Ago
Up