close

ရှီကျင့်ဖျင်၏ဇနီး

close

November 20, 2022

တရုတ်သမ္မတ ရှီကျင့်ဖျင်၏ဇနီး ဘန်ကောက်မြို့ရှိ ဂီတတက္ကသိုလ်သို့ သွားရောက်

ထိုင်းဝန်ကြီးချုပ်ပရာယွတ်ရဲ့ ဇနီး နာရာပွန် ချန်အိုချာနဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ ဇနီး ဖန်လိယွမ်ဟာ ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်ရှိ မင်းသမီး ကလျာဏီဝါဒါနာ ဂီတတက္ကသိုလ်ကို စနေနေ့က သွားခဲ့ကြပါတယ်။

တရုတ်သမ္မတကတော် ရောက်ချိန်မှာ  သင်တန်းကျောင်းရဲ့ တီးဝိုင်းက ရွှင်မြူးတဲ့ တေးသွားတွေကို တီးမှုတ်ကြပြီး ကျောင်းသားတွေက ဧည့်သည်တွေကို ကြိုဆိုဖို့ လမ်းတွေပေါ်မှာ စီတန်းနေခဲ့ကြ ပါတယ်။

ဖန်းနဲ့ နာရာပွန်တို့ဟာ တက္ကသိုလ်ရဲ့ အရောင်းပြခန်းကို သွားကြည့်ခဲ့ကြပြီး တက္ကသိုလ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပြင်ပပူးပေါင်းဆောင်ရွက်မှုသမိုင်းကြောင်းကို ဂရုတစိုက်နားထောင် ခဲ့ပါတယ်။

ဖန်းကလဲ တရုတ်ရိုးရာ ဂူချမ်းနဲ့ တရုတ်ယဉ်ကျေးမှု ဂီတနဲ့ ရုပ်မြင်သံကြား ထုတ်ကုန်တွေအကြောင်း စာအုပ်တွေကို ဂီတတက္ကသိုလ်အတွက် လက်ဆောင်အဖြစ် ပေးအပ်ခဲ့ပါတယ်။

ထိုင်းလူငယ်တွေကလည်း တရုတ်ဂီတတူရိယာတွေကို ပိုလေ့လာသင်ယူကြပြီး နှစ်နိုင်ငံအကြား ယဉ်ကျေးမှုဖလှယ်မှုတွေကို မြှင့်တင်နိုင်ဖို့ ဖန်က မျှော်လင့်ထားတယ်လို့ ပြောပါတယ်။

9 mins Ago
Up