ရွေးကောက်ပွဲတွေ စောကျင်းပဖို့နဲ့ အတိအကျ မဖော်ပြထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ အပြောင်းအလဲတွေ အပါအဝင် တောင်းဆိုချက်တွေ မရမချင်း အီရတ်လွှတ်တော်ကို ဆက်သိမ်းပိုက်ထားဖို့ ဘာသာရေးခေါင်းဆောင် မော့တာဒါ အယ်လ် ဆာဒါက သြဂုတ် ၃ ရက်မှာ ထောက်ခံသူတွေကို ပြောလိုက်ပါတယ်။
ရှီးယိုက် မွတ်စလင်ခေါင်းဆောင်က ရုပ်မြင်သံကြားမိန့်ခွန်းမှာ ခုလိုပြောလိုက်တဲ့အတွက် အီရတ်မှာ ရွေးကောက်ခံအစိုးရမရှိဘဲ ၁၀ လနီးပါးကြာနေတဲ့ နိုင်ငံရေးဆိုင်ရာ အကျပ်အတည်းက ဆက်ရှည်ကြာနေမယ့်ပုံ ပေါ်တယ်လို့ မီဒီယာတွေက သုံးသပ်ပါတယ်။
ဆာဒါရဲ့ နောက်လိုက် ထောင်ပေါင်းများစွာဟာ အစိုးရအဆောက်အအုံတွေ၊ သံရုံးတွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ ရုံးချုပ်တွေရှိရာ ဘဂ္ဂဒက်မြို့တော်က အစိမ်းရောင်ဇုန်ကို အရင်အပတ်က ဝင်စီးခဲ့ပြီး လွှတ်တော်အဆောက်အအုံအလွတ်ကို သိမ်းပိုက်ရင်း ထိုင်သပိတ် ဆင်နွှဲနေခဲ့တာပါ။
အီရန်နဲ့နီးစပ်တဲ့ ရှီးယိုက် မွတ်စလင်ပြိုင်ဘက်တွေဖြစ်ပြီး ဆာဒါက မနှစ်သက်တဲ့ ဝန်ကြီးချုပ်က အစိုးရဖွဲ့ဖို့ ကြိုးပမ်းနေတာကို ဆာဒါက ဒီလုပ်ရပ်နဲ့ တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။
ဆာဒါဟာ အောက်တိုဘာလ ရွေးကောက်ပွဲမှာ လွှတ်တော်အတွင်း အမတ်နေရာ အများဆုံး အနိုင်ရခဲ့ပေမဲ့ သူ့ရဲ့ အီရန်ကျောထောက်နောက်ခံ ပြိုင်ဘက်တွေကို ဖယ်ထုတ်မယ့် အစိုးရတရပ်ကို မဖွဲ့စည်းနိုင်ခဲ့ပါဘူး။
သူ့ရဲ့ လွှတ်တော်အမတ်တွေကို လွှတ်တော်ကနေ နုတ်ထွက်ခိုင်းခဲ့ပြီး ဆန္ဒပြမှုတွေ၊ လွှတ်တော်အတွင်း ထိုင်သပိတ်တွေနဲ့ ဖိအားပေးခဲ့ပါတယ်။
သန်းနှင့်ချီတဲ့ အလုပ်သမားလူတန်းစား ရှီးယိုက်တွေကြားမှာ ရေပန်းစားတဲ့ အခြေစိုက်စခန်း ဖြစ်လာခဲ့ပါတယ်။
ဆာဒါဟာ အကြောင်းကြောင်းကြောင့် အသက်ပေးဖို့ အသင့်ရှိတယ်လို့လည်း မိန့်ခွန်းထဲမှာ ထပ်ပြောခဲ့ပါတယ်။
ဆာဒါနဲ့ ပြိုင်ဘက်တွေကြား လိပ်ခဲတည်းလည်း အခြေအနေကြောင့် အာဏာရှင် ဆက်ဒမ်ဟူစိန်ခေတ် နောက်ပိုင်း အီရတ်မှာ အစိုးရမရှိတာ အချိန်အကြာဆုံး စံချိန်သစ် တင်ခဲ့ပါတယ်။