close

ရှီးအန်းမြို့ခံ

close

December 24, 2021

တရုတ်နိုင်ငံ ရှီးအန်းမြို့ခံ ၁၃ သန်း ရောဂါခြေချုပ်ဖြင့် နေနေရ

တရုတ်နိုင်ငံ ရှီးအန်းမြို့မှာ မြို့တွင်းမြို့ပြင် သွားလာမှုကို တင်းတင်းကြပ်ကြပ် ထိန်းချုပ် ကန့်သတ်လိုက်လို့ မြို့နေလူထု ၁၃ သန်းဟာ ရောဂါခြေချုပ်နဲ့ နေနေရပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါ အသစ်ကူးစက်ခံ လူဦးရေ မြင့်လာလို့ ခုလို သတ်မှတ်လိုက်တာပါ။

ဒီဇင်ဘာ ၁၇ ရက်က စပြီး ၆ ရက်ဆက်တိုက် ရှီးအန်းမြို့ထဲမှာ ကိုဗစ်-၁၉ ကပ်ရောဂါ အသစ်ကူး စက်ခံ အတည်ပြု လူနာဦးရေ တိုးလာလို့ ဒေသတွင်း နေ့စဉ်ကူးစက်မှုအဖြစ် ဆုံးဖြတ်ခဲ့တာပါ။

ဒီဇင်ဘာ ၉ ရက်က ၂၂ ရက်ကြားမှာ စုစုပေါင်း ဒေသတွင်း ကူးစက်ခံ ဦးရေ အယောက် ၂၀၀ ကျော် ခဲ့ပါတယ်။

ဒါပေမယ့် ရှီးအန်းမြို့မှာ အိုမီခရွန် ဗီဇမျိုးကွဲသစ် ကူးစက်မှုကိုတော့ မတွေ့ရသေးပါဘူး။

ဒီဇင်ဘာ ၂၃ ရက်က စပြီး ရှီးအန်းမြို့မှာ မိသားစုတစုကို လူတယောက်သာ နှစ်ရက်တခါ စျေးဝယ်ထွက်နိုင်ပြီး တခြားမိသားစုဝင်တွေက မဖြစ်မနေ အလုပ်ကိစ္စမရှိပါက အိမ်မှာသာ နေရမယ်လို့ ရှီးအန်းစည်ပင်အစိုးရ ဒုအတွင်းရေးမှူးချုပ် ကျန်းဖှုန့်ဟူက မီဒီယာကို ဒီဇင်ဘာ ၂၂ ရက်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

တရုတ်ပြည်မကြီးမှာ ပြည်တွင်းပြည်ပ နေထိုင်သူတွေကြား ဒီဇင်ဘာ ၂၂ ရက်အထိ စုစုပေါင်း ကူးစက်ခံ လူနာ ၁ သိန်း ၆၄၄ ယောက်သာ ရှိတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ 

53 seconds Ago
Up