close

ရှုခင်းသာ

close

May 26, 2021

ကွတ်ခိုင် ရှုခင်းသာအနီးပစ်ခတ်မှုဖြစ်ပွား

မန္တလေး- မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်က ကွတ်ခိုင်မြို့နယ် နမ်ကွတ်ကျေးရွာအလွန်က ရှုခင်းသာမှာ အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တစ်ဖွဲ့တို့ ဒီနေ့ မေလ ၂၆ ရက်နေ့ မနက်ပိုင်းက တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

အခုတိုက်ပွဲဖြစ်ပွားခဲ့တဲ့ နမ့်ကွတ်ကျေးရွာအနီးတစ်ဝိုက်မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံတိုင်းရင်းသားတပ်ဖွဲ့တွေအကြား မကြာခဏဆိုသလို ပစ်ခတ်တိုက်ခိုက်တာတွေရှိခဲ့ပြီး  ဒီနေ့ တိုက်ပွဲမှာ ထိခိုက်ဒဏ်ရာရသူအခြေအနေ မသိရသေးပါဘူး။

ကွတ်ခိုင်မြို့နယ်အတွင်းမှာ စစ်ယာဉ်တန်းတွေ ပစ်ခတ်ခံရတာကြောင့် ပြည်ထောင်စုလမ်းတလျှောက်မှာလည်း စစ်တပ်က  အထိုင်ကင်းစခန်းတွေချပြီး လုံခြုံရေးတိုးမြှင့်ထားပါတယ်။

4 mins Ago
Up