ရှုံးပွဲတွေ့ခဲ့ပေမဲ့အသင်သားတွေကို အရင်ကထက်ပိုပြီး ချစ်ကြောင်း အာဆင်နယ်နည်းပြအာတီ တာကပြောပါတယ်။
အာဆင်နယ်အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ အဲဗာတန်နဲ့ပွဲစဉ်မှာ တစ်ဂိုး ဂိုးမရှိနဲ့ရှုံးနိမ့်ခဲ့ပြီး အခုနှစ်ရာသီ ပရီးမီးယားလိဂ်မှာ ၂ ပွဲမြောက် ရှုံးပွဲတွေ့ခဲ့တာပါ။
နည်းပြအာတီတာကတော့ အာဆင်နယ်အသင်းသားတွေကို အရင်ကထက်ပိုပြီး ချစ်ကြောင်းနဲ့ ခက်ခဲတဲ့ ခရီးလမ်းကို စည်းလုံးညီညွတ်စွာနဲ့ ဖြတ်သန်းသွားကြရမှာဖြစ်ကြောင်း ပြောပါတယ်။
“အသင်းသားတွေအပေါ် ကျနော်ဘယ်လောက်ချစ်သလဲဆိုတာ သူတို့ကို သိစေချင်တယ်။ လွန်ခဲ့တဲ့ ၃ နာရီ၊ တစ်ပတ်၊ တစ်လ ဒါမှ မဟုတ် ၃ လ လောက်က အသင်းထက် လက်ရှိအသင်းကိုပိုပြီး ချစ်ပါတယ်။ ကစားသမားတွေရဲ့ စိတ်ထဲမှာ အနိုင်ရလိုစိတ်နဲ့ ခြေစွမ်းပြသနိုင်မှုသာရှိနေရင် နောက်တဆင့်ကိုသွားဖို့ကလွယ်ပါတယ်” လို့ နည်းပြအာတီတာကပြောပါတယ်။
အာဆင်နယ်ဟာ အဲဗာတန်ကိုရှုံးနိမ့်ခဲ့မှုကြောင့် မန်စီးတီးကို ၈ မှတ်ဖြတ်နိုင်မယ့် အခွင့်အရေး လက်လွှတ်ခဲ့ရပြီး ၅ မှတ်အကွာနဲ့ အဆင့်တစ်နေရာမှာ ဆက်ပြီးရပ်တည်နေပါတယ်။