close

ရှောင်တာနယ်လ်အမှု

close

February 24, 2022

ရှောင်တာနယ်လ်အမှု တရားလိုပြသက်သေ ၁ ဦးကို စစ်ဆေး

ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ သြစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင် မစ္စတာရှောင်တာနယ်လ်ကို ဖေဖော်ဝါရီ ၂၄ ရက်က ရုံးထုတ်ခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။

ဒီနေ့ရုံးချိန်းမှာ ရှောင်တာနယ်လ်ကို စွဲထားတဲ့ပုဒ်မ နှစ်ခုထဲက မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များအက်ဥပဒေ ပုဒ်မ ၃-၁(ဂ) အတွက် တရားလိုပြသက်သေ ဦးအောင်ကျော်စံကို စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

စီးပွားရေးအကြံပေး ရှောင်တာနယ်ကို စစ်ကောင်စီက မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များအက်ဥပဒေပုဒ်မ ၃-၁ (ဂ)၊ လ.ဝ.က အက်ဥပဒေတို့နဲ့ စွဲဆိုထားတာဖြစ်ပါတယ်။

ဒီနေ့ရုံးချိန်းကို စွပ်စွဲခံရသူ ရှောင်တာနယ်လ်နဲ့ အမှုတွဲအဖြစ် စွဲဆိုခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဦးဆက်အောင်(စီမံ/ဘဏ္ဍာ/စက်မှု ဒုဝန်ကြီး)၊ ဦးကျော်ဝင်း(စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း)တို့ ရုံးထုတ်ကို လာရောက်ခဲ့ပြီ ဦးစိုးဝင်း(စီမံ/ ဘဏ္ဍာဝန်ကြီး)ကတော့ အာမခံရထားတဲ့အတွက် မလာဘူးလို့လည်း တရားရုံးနဲ့ နီးစပ်သူက ပြောပါတယ်။

အမှုတွဲပါ ဦးစိုးဝင်း(စီမံ/ ဘဏ္ဍာဝန်ကြီး)အူမကြီးကင်ဆာ၊ ဦးကျော်ဝင်း(စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း) အူကျရော ဂါတွေနဲ့ ဆေးကုသမှုခံယူထားရသူတွေဖြစ်ပါတယ်။

14 mins Ago

January 27, 2022

ရှောင်တာနယ်လ်အမှုရုံးထုတ်၊ သက်သေရောက်မလာသဖြင့် မစစ်ဆေးဖြစ်

စစ်ကောင်စီရဲ့ ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ သြစတြေးလျနိုင်ငံသား ပါမောက္ခ ရှောင်တာနယ်လ်အမှုကို ဇန်နဝါရီ ၂၇ ရက် ဒီနေ့ဆက်လက်ရုံးထုတ်ခဲ့ပေမဲ့ သက်သေတွေ မလာတာကြောင့် မစစ်ဆေးဖြစ်ဘူးလို့ တရားရုံးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။

“ဒီနေ့ရုံးချိန်းက မစစ်ဖြစ်ဘူး။ အန်ကယ် ဦးကျော်၀င်းက ဆေးရုံတက်နေရတယ်။ သက်သေလည်း မလာဘူး” လို့ တရားရုံးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ဒီအမှုတွဲမှာပါနေတဲ့ စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်းဟာ အူကျရောဂါနဲ့ ပြီးခဲ့တဲ့ သီတင်းပတ်ကတည်းက ဆေးရုံတက်ကုသနေရသလို အူမကြီးကင်ဆာနဲ့ ခွဲစိတ်မှုခံထားတဲ့ စီမံ/ဘဏ္ဍာဝန်ကြီး ဦးစိုး၀င်းကလည်း ဆေးရုံက မဆင်းရသေးဘူးလို့ သိရပါတယ်။

ဒီအမှု ရုံးချိန်းကိုတော့ ဖေဖော်ဝါရီလ ၃ ရက်နေ့ကို ပြန်လည်ချိန်းဆို လိုက်တယ်လို့ သိရပါတယ်။

ရှောင်တာနယ်လ်ကို စစ်ကောင်စီက မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များအက်ဥပဒေ ပုဒ်မ ၃-၁(ဂ)၊ လ.ဝ.ကအက်ဥပဒေတို့နဲ့ စွဲဆိုထားတာဖြစ်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဦးစိုးဝင်း(စီမံ/ ဘဏ္ဍာဝန်ကြီး)၊ ဦးဆက်အောင်(စီမံ/ဘဏ္ဍာ/စက်မှု ဒုဝန်ကြီး)၊ ဦးကျော်ဝင်း(စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း)တို့လည်း အမှုတွဲအဖြစ် တရားစွဲခံထားရတာဖြစ်ပါတယ်။

4 weeks Ago
Up