သြစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင် ရှောင်တာနယ်အမှုကို စင်တင်ဘာ ၂၂ ရက်က နေပြည်တော်အချုပ်ထောင်အတွင်းရှိ သီးသန့်အထူးတရားရုံးမှာ ဆက်လက်ရုံးထုတ် စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။
တရားရုံးနဲ့နီးစပ်သူတယောက်က “ဒီနေ့ရုံးချိန်းမှာ နှစ်ဖက် အပြီးသတ်လျှောက်လဲချက် ပေးခဲ့တယ်။ လာမယ့် ၂၉ ရက်နေ့မှာ အမိန့်ချမယ်” လို့ ပြောပါတယ်။
ရှောင်တာနယ်ကို စစ်ကောင်စီက လ.ဝ.က အက်ဥပဒေ၊ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေပုဒ်မ ၃-၁(ဂ) တို့နဲ့ စွဲဆိုထားတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေပုဒ်မ ၃-၁(ဂ) အမှုမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဦးစိုးဝင်း (စီမံ/ဘဏ္ဍာဝန်ကြီး)၊ ဦးဆက်အောင် (စီမံ/ဘဏ္ဍာ/စက်မှု ဒုဝန်ကြီး)၊ ဦးကျော်ဝင်း (စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း) တို့ကို အမှုတွဲအဖြစ် တရားစွဲဆိုထားတာ ဖြစ်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စစ်ကောင်စီက စွပ်စွဲ တရားစွဲဆိုထားတဲ့ အမှုတွေထဲက အမိန့်ချမှတ်ခံရတာ ထောင်ဒဏ် နှစ် ၂၀ ရှိပြီ ဖြစ်ပါတယ်။
သြစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင် မစ္စတာရှောင်တာနယ်အမှုကို စင်တင်ဘာ ၈ ရက်က နေပြည်တော်အချုပ်ထောင်အတွင်းရှိ သီးသန့်အထူးတရားရုံးမှာ ဆက်လက်ရုံးထုတ် စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။
တရားရုံးနဲ့နီးစပ်သူတယောက်က “ဒီနေ့ရုံးချိန်းမှာ စွပ်စွဲခံရသူတွေထဲက ဦးဆက်အောင် (စီမံ/ဘဏ္ဍာ/စက်မှု ဒုဝန်ကြီး) ကို စစ်ဆေးတယ်။ စက်တင်ဘာ ၂၂ ရက်နေ့ ရုံးချိန်းမှာ အပြီးသတ် လျှောက်လဲချက်ပေးရမယ်” လို့ ပြောပါတယ်။
ရှောင်တာနယ်ကို စစ်ကောင်စီက လ.ဝ.က အက်ဥပဒေ၊ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေပုဒ်မ ၃-၁(ဂ) တို့နဲ့ စွဲဆိုထားတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များအက်ဥပဒေပုဒ်မ ၃-၁(ဂ) အမှုမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဦးစိုးဝင်း (စီမံ/ဘဏ္ဍာဝန်ကြီး)၊ ဦးဆက်အောင် (စီမံ/ဘဏ္ဍာ/စက်မှု ဒုဝန်ကြီး)၊ ဦးကျော်ဝင်း (စီမံ/ဘဏ္ဍာ ဝန်ကြီးဟောင်း) တို့ကို အမှုတွဲအဖြစ် တရားစွဲဆိုထားတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များအက်ဥပဒေပုဒ်မ ၃-၁(ဂ) အတွက် အမှုတွဲပါသူတွေကို အားပေးကူညီမှုနဲ့ စွဲချက်တင်အမိန့်ချကာ စွပ်စွဲခံရသူတွေဖြစ်တဲ့ ရှောင်တာနယ်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဦးစိုးဝင်း (စီမံ/ဘဏ္ဍာ ဝန်ကြီး)၊ ဦးဆက်အောင် (စီမံ/ဘဏ္ဍာ/စက်မှု ဒုဝန်ကြီး) နဲ့ ဦးကျော်ဝင်း (စီမံ/ဘဏ္ဍာ ဝန်ကြီးဟောင်း) တို့ကို ရုံးချိန်း တပတ်ကို တယောက်စီ စစ်ဆေးနေတာဖြစ်ပြီး ဒီနေ့စစ်ဆေးတဲ့ ဦးဆက်အောင် (စီမံ/ဘဏ္ဍာ/စက်မှု ဒုဝန်ကြီး) ဟာ နောက်ဆုံးစစ်ဆေးမှု ဖြစ်ပါတယ်။