close

ရှောပင်းမောလ်

close

March 22, 2022

ကိယက်ဗ်မြို့ လူနေရပ်ကွက်နှင့် ရှောပင်းမောလ် ဗုံးထိမှန်၊ ၈ ဦးသေဆုံး

ကိယက်ဗ်မြို့  ပိုဒယ်ရပ်ကွက်ရှိ လူနေအိမ်တွေနဲ့ ရှောပင်းစင်တာတခုကို မတ် ၂၀ ရက်နေ့ညမှာ ရုရှားဗုံး ထိမှန်တာကြောင့် လူ ၈ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ပါတယ်။ 

မီးသတ်နဲ့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေက မီးငြှိမ်းသတ်ပြီး ပြိုကျပျက်စီးနေတဲ့ အဆောက်အဦပုံတွေအောက်မှာ အသက်ရှင်ကျန်သူတွေကို ရှာဖွေခဲ့ပါတယ်။ အဆောက်အဦနဲ့ ဈေးဆိုင်တွေရဲ့ အပြင်ဘက်မှာ အလောင်းတွေ ချထားပါတယ်။ 

ရုရှားကျူးကျော်စစ်ကြောင့် အရပ်သား ၁ ထောင်နီးပါး သေဆုံးပြီး လူ ၃ သန်းကျော် အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးခိုလှုံနေရပါတယ်။ 

ရုရှားသမ္မတပူတင်က ယူကရိန်းတွေဟာ အန္တရာယ်ရှိတဲ့ နာဇီအမျိုးသားဝါဒီတွေ ဖြစ်တာကြောင့် အထူးစစ်ဆင်ရေး တိုးမြှင့်သွားမယ်လို့ ကြေညာထားပါတယ်။

1 min Ago
Up