close

ရှော့တိုက်မိုင်း

close

June 16, 2022

ရှော့တိုက်မိုင်းထုတ်လုပ်စဉ် ပေါက်ကွဲမှုဖြစ်ပြီး တမူး PDF ရဲဘော်တဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ တမူးမြို့အခြေစိုက် တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တပ်ရင်းတခုဖြစ်တဲ့ People's Defence Force - Combat Engineer Unit တပ်ရင်းမှာ ‌ဇွန် ၁၅ ရက်က ရဲဘော်တဦး မိုင်းမတော်တဆ ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ PDF-CEU အဖွဲ့က ပြောပါတယ်။

PDF-CEU မိုင်းထုတ်လုပ်ရေးအဖွဲ့က ရှော့တိုက်မိုင်းထုတ်လုပ်စဥ် မတော်တဆ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ရဲ‌ဘော်တဦး ထိခိုက်ဒဏ်ရာရကာ ဆေးဝါးကုသမှု ခံယူနေရတာပါ။

PDF-CEU တာဝန်ရှိသူတဦးက "ရှော့တိုက်မိုင်းထုတ်ဖို့ စမ်းသပ်နေကြတာ။ စမ်းသပ်ရင်း မတော်တဆ မိုင်းကပေါက်ကွဲသွားတာ။ တပ်ရင်းက ရဲဘော်ဒေါန ထိခိုက်ဒဏ်ရာရသွားတယ်။ အခုတော့ ဆေးဝါးကုသမှု ခံယူနေရတယ်။ မိဘပြည်သူတွေအနေနဲ့ ရဲဘော်ဒေါနအတွက် ဆေးဝါးနဲ့ ဆေးကုသစရိတ်တွေ အခက်အခဲဖြစ်‌‌နေတာကြောင့် ကူညီထောက်ပံ့ပေးကြဖို့ကိုလည်း မေတ္တာရပ်ခံချင်ပါတယ်" လို့ ပြောပါတယ်။

လတ်တလော တမူးမြို့နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ တမူး PDF တပ်ဖွဲ့တွေကြား စစ်ရေးတင်းမာနေပါတယ်။

58 seconds Ago
Up