close

ရှေ့နေဦးမြင့်သိန်း

close

June 2, 2021

စစ်ကိုင်းတွင် အန်အယ်လ်ဒီ ရှေ့‌နေ ၁ ဦးကို စစ်တပ်က ဖမ်းဆီး

စစ်ကိုင်းမြို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ) ပါတီဝင် ရှေ့နေဦးမြင့်သိန်းကို ဇွန်၂ မနက်ပိုင်းမှာ  အကြမ်းဖက်စစ်အုပ်စုက စစ်ကိုင်းမြို့ ရွာထောင်ရပ်ကွက်က သူရဲ့ နေအိမ်မှာ ဝင်ရောက်ဖမ်းဆီးသွားပါတယ်။

“အန်အယ်လ်ဒီ ပါတီဝင်တွေကို ဖမ်းဆီးမယ့်အသံကြားလို့ ဆရာက ရှောင်နေခဲ့တာ။ ဒီနေ့ မနက် ၁၀ နာရီလောက်က သူ အိမ်ကိုခဏပြန်လာတာ။ သူ အိမ်ပြန်ရောက်လို့မှမကြာဘူး။ ၁၁ နာရီခွဲလောက်မှာပဲ စစ်ကား ရဲကားတွေရောက်လာပြီး ဝင်ရောက်ဖမ်းဆီးသွားတယ်”လို့ ရပ်ကွက်နေ သူတစ်ဦးက ပြောပါတယ်။

သူ့ကို ဘာကြောင့်ဖမ်းဆီးပြီး ဘယ်နေရာကို ခေါ်ဆောင်သွားတယ်ဆိုတာကို အခုချိန်ထိ မသိရသေးဘူးလို့ မိသားဝင်တစ်ဦးက ပြောပါတယ်။

အဖမ်းဆီးခံရတဲ့ ရှေ့နေဦးမြင့်သိန်းမှာ ဇနီးသည်နဲ့ သားတစ်ယောက်၊ သမီးတစ်ယောက် ကျန်ရစ်ခဲ့တယ်လို့  သိရပါတယ်။

5 mins Ago
Up