close

ရှေးရိုးစွဲပါတီ

close

March 3, 2022

တောင်ကိုရီးယား ထိပ်တန်း ရှေးရိုးစွဲပါတီများ ပေါင်းစည်း

တောင်ကိုရီးယားနိုင်ငံရဲ့ တတိယအကြီးဆုံး နိုင်ငံရေးပါတီက သမ္မတလောင်း ကိုယ်စားလှယ် နုတ်ထွက်သွားပြီး အတိုက်အခံ ယွန်းဆွတ်ခ်ယောင်ကို ထောက်ခံကြောင်း ကြေညာခဲ့ပြီးတဲ့နောက် မတ်လ ၃ ရက်မှာ တောင်ကိုရီးယားရဲ့ ထိပ်တန်း ရှေးရိုးစွဲပါတီတွေ ပေါင်းစည်းလိုက်ကြပါတယ်။

အဓိက အတိုက်အခံပါတီဖြစ်တဲ့ ပြည်သူ့အာဏာပါတီက ယွန်းနဲ့ အတိုက်အခံပါတီငယ် အန်းချိုးဆိုးတို့ကြား ကိုယ်စားလှယ်လောင်းတွေ ပေါင်းစည်းဖို့ နောက်ဆုံးမိနစ်မှာ ဆုံးဖြတ်ပြီးတဲ့နောက် အခုဆုံးဖြတ်ချက် ထပ်ထွက်လာခဲ့တာပါ။

မတ်လ ၉ ရက်မှာ ကျင်းပမယ့် ရွေးကောက်ပွဲမတိုင်ခင် ခြောက်ရက်ပဲကျန်တဲ့ အချိန်မှာ ယွန်းဟာ သမ္မတ မွန်းဂျေးအင်းရဲ့ လက်ရှိ အာဏာရပါတီ ဒီမိုကရက်တစ်ပါတီက လီးဂျေးမြောင်နဲ့ အကြိတ်အနယ် ပြိုင်နေရပါပြီ။ တကယ်လို့ ယွန်းနဲ့ အန်းတို့ ပူးပေါင်းလိုက်ရင် အောင်ပွဲရဖို့ စိတ်ချရနိုင်တယ်လို့ ထင်မြင်ချက် စစ်တမ်းတွေက အရိပ်လက္ခဏာ ပြနေပါတယ်။

အန်းဟာ ယွန်းကို ဖေဖော်ဝါရီလလယ်မှာ ပထမဆုံး ကမ်းလှမ်းခဲ့ပြီး ပေါင်းစည်းမှုဟာ အမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ လွှမ်းမိုးနိုင်တဲ့ အောင်ပွဲကို ဆောင်ကြဉ်းပေးလိမ့်မယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် မဲဆွယ်ရာမှာ ဘယ်လိုပူးပေါင်းမလဲ ဆိုတာနဲ့ ပတ်သက်ပြီး ညှိနှိုင်းမရတဲ့ အကွဲအပြဲတွေကြားမှာ အရင်က ဆွေးနွေးပွဲတွေ မအောင်မမြင် ဖြစ်ခဲ့ဖူးပါတယ်။

2 mins Ago
Up