ဗြိတိန်ဘုရင်မကြီးကို ဂုဏ်ပြုတဲ့အနေနဲ့ အခုသီတင်းပတ် ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ပွဲချိန် မိနစ် ၇၀ ရောက်တိုင်း တမိနစ်လက်ခုပ်တီးပြီး ဂုဏ်ပြုကြမှာပါ။
ဗြိတိန်ထီးနန်းကို နှစ်ပေါင်း ၇၀ တိုင်တိုင် စိုးစံအုပ်ချုပ်ခဲ့တဲ့ အထိမ်းအမှတ်အနေနဲ့ အဲဒီအစီအစဉ်ကို ထည့်သွင်းခဲ့တာပါ။
ပွဲမတိုင်ခင်မှာလည်း ဗြိတိန်နိုင်ငံတော်သီချင်း သီဆိုမှာဖြစ်သလို ဘုရင်မကြီး ကွယ်လွန်သွားတဲ့ အတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေနဲ့ တမိနစ်ငြိမ်သက်ဆုတောင်းတဲ့ အစီအစဉ်လည်း ပါဝင်ပါတယ်။
ကစားသမားတွေ၊ နည်းပြတွေနဲ့ တာဝန်ရှိသူတွေအားလုံးက လက်ပတ်အနက်ရောင် ဝတ်ဆင်ကြမှာလည်း ဖြစ်ပါတယ်။
ဗြိတိန်ကလပ်တွေရဲ့ ဥရောပပြိုင်ပွဲတွေမှာတော့ နိုင်ငံတော်သီချင်းသီဆိုတာကို ခွင့်မပြုကြောင်း ဥရောပဘောလုံးအဖွဲ့ချုပ်က ကြေညာချက်ထုတ်ထားပါတယ်။
မြန်မာနိုင်ငံရဲ့ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ဖို့ရည်ရွယ်တဲ့ နွေဦးတော်လှန်ရေးမှာ ထိပ်ဆုံးကနေပါဝင်နေကြတဲ့ CDM စက်ရုံအလုပ်သမား၊ နိုင်ငံဝန်ထမ်းတွေအတွက် ဒီကနေ့ ကမ္ဘာ့အလုပ်သမားနေ့ မေလ ၁ ရက် ည၇နာရီခွဲမှာ လက်ခုပ်တီးဂုဏ်ပြုပေးကြဖို့ အလုပ်သမားရေး လှုပ်ရှားသူတွေက တိုက်တွန်းလိုက်ပါတယ်။
စစ်ဖိနပ်အောက်ပြန်မသွားဘဲ ဒီမိုကရေစီနိုင်ငံဖြစ်ဖို့ စစ်အုပ်ချုပ်ရေး ယန္တရား လည်ပတ်မသွားနိုင်အောင်တောင့်ခံနေကြတဲ့ CDMဝန်ထမ်းတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ ည ၇ နာရီခွဲမှ ၇ နာရီ ၃၅ မိနစ်အထိ ၅ မိနစ်ကြာ လက်ခုပ်တီးဂုဏ်ပြုကြဖို့ နှိုးဆော်ထားပါတယ်။