close

လက်ခုပ်ပင်ရွာ

close

September 16, 2021

နတ်မောက်မြို့နယ်ရှိ လက်ခုပ်ပင်ရွာကို စစ်တပ်ဝင်စီး၊ ရွာသားများ တိမ်းရှောင်

မကွေးတိုင်း၊ နတ်မောက်မြို့နယ်ထဲက လက်ခုပ်ပင်ရွာကို စက်တင်ဘာ ၁၅ ရက်ညက အကြမ်းဖက်စစ်တပ်တွေ ဝင်ရောက်စီးနင်းတာကြောင့် ရွာလုံးကျွတ်ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မနေ့ည ၇ နာရီကျော်လောက်မှာ စစ်ကောင်စီတပ်အင်အား ၄၀ ကျော် လောက်ဟာ သေနတ်တွေ ဆက်တိုက်ပစ်ဖောက်ပြီး ရွာကို ဝင်ရောက်စီးနင်းထားတာကြောင့်  အိမ်ခြေ ၅၀၀ လောက်က ဒေသခံပြည်သူတွေ ဘေးလွတ်ရာထွက်ပြေး တိမ်းရှောင်နေရတယ်လို့ လက်ခုပ်ပင် ရွာသား တစ်ယောက်က ပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စုတွေဟာ အဲဒီရွာမှာရှိတဲ့ လူငယ်ခေါင်းဆောင် ကိုဖြူကြီးကို လာဖမ်း တာဖြစ်ပြီးတော့ ဖမ်းမမိတဲ့အတွက် ဒီကနေ့ မနက်ပိုင်းအထိ ကိုဖြူကြီးရဲ့ နေအိမ်မှာ တပ်စွဲ ထားကြတယ်လို့ ဆိုပါတယ်။

6 mins Ago
Up