close

လက်ထောက်နည်းပြ မိုက်ကယ်ကာရစ်

close

November 22, 2021

မန်ယူအသင်းကို လက်ထောက်နည်းပြ မိုက်ကယ်ကာရစ်က ယာယီကိုင်တွယ်မည်

မန်ချက်စတာယူနိုက်တက်အသင်းဟာ နည်းပြ ဆိုးလ်ရှားနဲ့ လမ်းခွဲပြီးနောက် နောက်လာမယ့် ပွဲစဉ်တွေအတွက် အသင်းကို လက်ထောက်နည်းပြ မိုက်ကယ်ကာရစ်က ယာယီကိုင်တွယ်သွားမှာ ဖြစ်ပါတယ်။

အသင်းအနေနဲ့ ရာသီကုန်အထိ နည်းပြတစ်ဦးဦးကို ခန့်အပ်ဖို့အတွက် ရှာဖွေနေကြောင်း အသင်းထုတ်ပြန်ချက်မှာ  ရေးသားထားပါတယ်။

အသက် ၄၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မန်ယူအသင်းတိုက်စစ်မှူးဟောင်း ဆိုးလ်ရှားဟာ  မန်ယူအသင်းကို ၂၀၁၈ ဒီဇင်ဘာလမှာ ယာယီနည်းပြအဖြစ် စတင်ကိုင်တွယ်ခဲ့ပြီး ရလဒ်ကောင်းတွေကြောင့် ၂၀၁၉ မတ်လမှာ အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရတာပါ။ 

ဆိုးလ်ရှားလက်ထက်မှာ မန်ယူအသင်းမှာ ရလဒ်ကောင်းတွေရရှိဖို့ မကြာခဏ ရုန်းကန်ရလေ့ရှိပြီး ဆုဖလားအောင်မြင်မှုတွေလည်း  မရှိခဲ့ပါဘူး။

ဆိုးလ်ရှားဟာ မန်ယူအသင်းကို ၃ ရာသီကာလတွင်း ပြိုင်ပွဲစုံ ၁၆၈ ပွဲ ကိုင်တွယ်ခဲ့ရာမှာ ၉၁ ပွဲနိုင်၊ ၃၇ ပွဲ သရေ၊ ၄၀ ပွဲ ရှုံးရလဒ်ကို ရရှိခဲ့ပြီး ပြီးခဲ့သတဲ့ ၂၀၂၀-၂၁ ရာသီတွင် အမှတ်ပေးဇယား ဒုတိယနေရာနဲ့ ယူရိုပါလိဂ်ဖလားတို့မှာ ဗိုလ်လုပွဲတွေရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

2 mins Ago
Up