ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ အရပ်ဝတ်လက်နက်ကိုင်တွေနဲ့ လျှပ်စစ်ဝန်ထမ်းတွေပါဝင်တဲ့အဖွဲ့က အိမ်တိုင်ရာရောက် လာရောက်ကာ မီတာကြဖို့ ပြည်သူလူထုကို ဖိအားပေး တောင်းခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“အဖွဲ့လိုက်ကြီး အိမ်ထဲဝင်လာပြီး မီတာကြေး ကျသင့်ငွေ၊ ရက်လွန်ကြေးပေါင်း ဘယ်လောက်ကျတယ်ဆိုပြီး တစ်ခါတည်း ဆောင်ခိုင်းတယ်။ မပေးနိုင်သေးလို့ပါ ပြောရင် မီတာပုံးက ကြိုးကို ဖြတ်ပစ်ခဲ့လိုက်ပြီး တစ်ခါတည်း မီးဖြတ်တာ”လို့ ဒေသခံ တဦးက ပြောပါတယ်။
FMI City အိမ်ရာနဲ့ ကျန်စစ်မင်းအိမ်ရာလို အဆင့်မြင့်အိမ်ရာတွေကိုလည်း နောက်ဆုံး ရက်သတ်မှတ်ပေးပြီး မီတာဆောင်ခိုင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီက လျှပ်စစ်မီတာခတွေ ဖိအားပေးကောက်ခံနေပေမဲ့ ရန်ကုန်တိုင်းမှာ အခုရက်ပိုင်းအတွင်း လျှပ်စစ်မီးတွေ ဆက်တိုက်ပျက်နေပါတယ်။