close

လက်နက်ကြီးကျည်ကျရောက်

close

September 19, 2022

လက်နက်ကျည်ဆန်များ ထပ်မံနယ်ကျော်လာပါက ကုလသမဂ္ဂတွင် ဖြေရှင်းရမည်ဟု ဘင်္ဂလားဒေ့ရှ် ပြော

မြန်မာဘက်နေ လက်နက်ကျည်တွေ ကြိမ်ကြိမ် နယ်ကျော်ကျရောက်မှုကြောင့် မြန်မာသံအမတ်ကို ဘင်္လားဒေ့ရှ်အစိုးရက ထပ်မံဆင့်ခေါ် သတိပေးကန့်ကွက်လိုက်ပြီး ဘင်္ဂလားဒေ့ရှ် နယ်နိမိတ်အတွင်းကို ပစ်ခတ်မှုတွေ ဆက်ရှိနေဦးမယ်ဆိုရင် ကုလသမဂ္ဂမှာ ဖြေရှင်းရမယ်လို့ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးက ပြောကြားလိုက်ပါတယ်။

မြန်မာဘက်မှာ တိုက်ပွဲတွေဖြစ်ပြီး နိုင်ငံနယ်နိမိတ်အတွင်း လက်နက်ကျည်တွေ ကျရောက်ပေါက်ကွဲမှုတို့ကြောင့် မြန်မာသံအမတ်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနက တစ်လအတွင်းမှာ လေးကြိမ်မြောက်အဖြစ် ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၈ ရက်က ထပ်မံဆင့်ခေါ် သတိပေးခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံနယ်နိမိတ်အတွင်းသို့ လက်နက်ကျည်တွေ အကြိမ်ကြိမ်ကျရောက်နေမှုအတွက် ကန့်ကွက်ရှုတ်ချကြောင်း သဘောထားမှတ်ချက်သဝဏ်လွှာကို ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာသံအမတ် အောင်ကျော်မိုးကို ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးက တောင်ကုန်းတွေမှာ ရက္ခိုင့်တပ်တော် (အေအေ)နဲ့ မြန်မာအာဏာသိမ်းစစ်တပ်တို့ တိုက်ပွဲဖြစ်နေကြတာ လနဲ့ချီ ကြာနေပြီဖြစ်ပါတယ်။ အခုလို လက်နက်ကျည်တွေ တဖက်နိုင်ငံထဲ ကျရောက်တာနဲ့ ပတ်သက်ပြီး တဖက်နှင့်တဖက် အပြန်လှန် စွပ်စွဲနေကြတာလည်း ဖြစ်ပါတယ်။

တိုက်ပွဲတွေအတွင်း မြန်မာစစ်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကျည်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း အကြိမ်ကြိမ် ကျရောက်လာခဲ့တာကြောင့် ဒေသခံတွေသာမက နယ်စပ်တလျှောက် ခိုလှုံနေကြတဲ့ ရိုဟင်ဂျာတွေကိုပါ ထိတ်လန့်စေခဲ့ပါတယ်။

စက်တင်ဘာလ ၁၆ ရက်က ဘင်္ဂလားဒေ့ရှ်တောင်ပိုင်းက ဘန်ဒါဘန်နယ်မြေအတွင်း နယ်စပ်အနီးက ရိုဟင်ဂျာဒုက္ခသည်စခန်းနားကို မြန်မာစစ်တပ်က ပစ်ခတ်လိုက်တဲ့ မော်တာကျည် ကျရောက်ပေါက်ကွဲပြီး ရိုဟင်ဂျာလူငယ် တယောက် သေဆုံးကာ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁ ဦး အပါအဝင် နောက်ထပ် ၆ ဦး ဒဏ်ရာရရှိခဲ့ကြပါတယ်။

စက်တင်ဘာလ ၁၇ ရက် စနေနေ့မှာတော့ ပြည်ထဲရေးဝန်ကြီး အဆာဒူဇာမန်ခန်းက  မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ပြဿနာတွေကို ဘင်္ဂလားဒေ့ရှ်က နိုင်ငံရေးနည်းလမ်းတွေနဲ့သာ ဖြေရှင်းသွားဖို့ မျှော်လင့်ထားကြောင်းနဲ့ တကယ်လို့သာ အခြေအနေတွေက ကောင်းမွန်တိုးတက်လာခြင်းမရှိဘဲ ဘင်္ဂလားဒေ့ရှ်နယ်နိမိတ်အတွင်းကို ပစ်ခတ်မှုတွေ ဆက်ရှိနေဦးမယ်ဆိုရင်တော့ ကုလသမဂ္ဂမှာ တိုင်ကြားသွားမယ်လို့ ပြောပါတယ်။

နယ်စပ်တလျှောက်မှာလည်း မြန်မာဘက်ကလာမယ့် မလိုလားအပ်တဲ့ အန္တရာယ်တွေကို တားဆီးနိုင်ဖို့ အစောင့်စစ်ဆေးရေးစခန်းအသစ်တွေ တိုးချဲ့တည်ဆောက်ထားကြောင်း ဘန်ဒါဘန်နယ်မြေ ရဲမှူးကလည်း ပြောပါတယ်။ 

သောကြာနေ့က လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့ပြီးနောက်ပိုင်း နယ်မြေအာဏာပိုင်တွေဟာ ဒေသခံတွေကို သတိနဲ့နေထိုင်ကြဖို့နဲ့ မလိုအပ်ဘဲ နယ်စပ်နားမှာ သွားလာလှုပ်ရှားခြင်းမပြုဖို့ သတိပေးချက် ထုတ်ပြန်ထားပါတယ်။

Ref- AA

3 hours Ago

March 18, 2020

မကွေးတိုင်းအတွင်း စက်ရုံပေါ်လက်နက်ကြီးကျည်ကျရောက်ပြီး အမျိုးသမီး၁ ဦးဒဏ်ရာရ

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့အနီး ဆားတိုင်ကန်ကျေးရွာမှာ မတ်လ ၁၇ ရက် မနက်ပိုင်းက လက်နက်ကြီးကျည် မတော်တဆ ကျရောက် ပေါက်ကွဲပြီး နှမ်း​လှော်ဖို စက်ရုံအမိုးပျက်စီးကာ  အမျိုးသမီးတဦး အနည်းငယ် ထိခိုက်ဒါဏ်ရာရရှိသွားပါတယ်။ စက်ရုံပိုင်ရှင် ကိုအာကာမင်း က " မနက်ပိုင်း ၇ နာရီကျော်လောက်က စက်ရုံပေါ်ကို ကျရောက်ပေါက်ကွဲခဲ့တာပါ။ စက်ရုံ ဝန်ထမ်းအမျိုးသမီးတစ်ဦး အနည်းငယ် ထိခိုက်ဒါဏ်ရာရပြီး အမိုးတချို့ပျက်စီးခဲ့ပါတယ်။ ဖြစ်ပြီး မကြာခင်မှာဘဲ မကွေးလေတပ်စခန်း ဌာနချုပ်က အရာရှိ၊ ဝန်ထမ်း ၁၅ ဦး လောက်ရောက်လာပြီး မတော်တဆ ကျည်ထွက်သွားတယ်လို့ပြောပါတယ်။ စက်ရုံ အတွင်း လက်ရှိ လက်နက်ကြီး ကျည်စတွေကို ရှင်းလင်းမှုတွေ လုပ်ဆောင်ကာ ပြန်လည်ပြုပြင်ပေး မယ်လို့ ပြောပါတယ်။ ဒဏ်ရာ အနည်းငယ်ရရှိတဲ့ အမျိုးသမီးကိုတော့ ဆေးခန်းလိုက်ပို့ ပြီးတာဝန်ယူမှုတွေ လုပ်ဆောင်ပေးပါတယ်"လို့ ဒီဗွီဘီကိုပြောပါတယ်။ ယခုသတင်းနဲ့ ပတ်သတ်လို့ အတည်ပြုချက် မရရှိသေးဘဲ စုံစမ်းနေတယ်လို့ မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်လွင်က ပြောပါတယ်။ ဆားတိုင်ကန်ကျေးရွာ ဒေသခံတစ်ဦးဖြစ်တဲ့ ကိုသန်းနိုင်ကတော့ "ပေါက်ကွဲတဲ့ အသံကြားရတော့ အထိတ်တလန့်ဖြစ်တာပေါ့။ ပြည်သူတွေ ထိခိုက်ဒဏ်ရာရသေဆုံးမှု မရရှိတာ ကံကောင်းတယ်လို့ ပြောရမယ်။ စစ်တပ်က အရာရှိတွေကတော့ လေယာဉ်မှာတပ်ဖို့ လက်နက်တပ်ဆင်တဲ့ အချိန်မှာ မ​တော်တဆရှော့ဖြစ်ပြီး ထွက်သွားတာလို့ပြောတယ်လို့"ဆိုပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၆ ရက်ကလည်း မကွေးလေတပ်စခန်းဌာနချုပ်မှ တိုက်လေယာဉ် ၂ စင်း မင်းဘူး စကုမြို့နယ်ထဲမှာ ပေါက်ကွဲပျက်ကျလို့ ပဉ္စမတန်းကျောင်းသူတဦး သေဆုံးခဲ့ပါတယ်။ သတင်း-မင်းထီး
3 years Ago
Up