close

လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

close

May 19, 2022

သေ့ဘော့ဘိုးတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၆ ဦးကို အရှင်ဖမ်းမိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ သေ့ဘော့ဘိုးကျေးရွာအနီးက စစ်ကောင်စီရဲ့တပ်စခန်းကို မေ ၁၈ ရက် မွန်းလွဲပိုင်းမှာ KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်သား ၆ ယောက်ကို အရှင်ဖမ်းမိပြီး  လက်နက်မျိုးစုံ ၁၂ လက်နဲ့အတူ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့  ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။

မနေ့ မနက် ၉ နာရီက စတင်ပြီး  စစ်ကောင်စီရဲ့ တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ညနေ ၄ နာရီလောက်အထိ တိုက်ပွဲချိန်ကြာမြင့်ခဲ့ပြီး ရန်သူ့တပ်စခန်းကို ကော်ဘရာစစ်ကြောင်းနဲ့ ပူးပေါင်းတပ်ဖွဲ့တွေက အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ဆိုပါတယ်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်ကြပ်ကြီး နိုင်အောင် ၊တပ်ကြပ်ကြီး တင်စိုး၊ တပ်ကြပ် ကျော်ထွန်း၊ ဒုတပ်ကြပ် မျိုးလင်းဇော်၊ တပ်သားမောင်ထိုက်နဲ့ တပ်သား နိုင်လင်းအောင်တို့ ၆ ဦးကို အရှင်ဖမ်းဆီးရမိခဲ့ရာ စစ်သုံ့ပန်း စည်းမျဉ်း၊ ဥပဒေတွေနဲ့ အညီ ကောင်းမွန်စွာ ထိန်းသိမ်းထားပြီး လိုအပ်တဲ့ဆေးဝါးကုသမှုတွေကို ဆောင်ရွက်ပေးထားတယ်လို့ဆိုပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီဘက်က သေဆုံးသူအနည်းဆုံး ၁၀ ယောက်လောက်ရှိနိုင်ပြီး ဒီနေ့မနက်လည်း သေ့ဘောဘိုးကျေးရွာအနီးကမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် နောက်ထပ် ၂ ယောက်ကို ဖမ်းဆီးရမိတယ်လို့ ကေအန်အယ်လ်အေ သတင်းရင်းမြစ်ကပြောပါတယ်။  

မနေ့က တိုက်ပွဲမှာ ကော်ဘရာစစ်ကြောင်းနဲ့ ပူးပေါင်းတပ်ဖွဲ့ဘက်က တော်လှန်ရေးရဲဘော် ၃ ဦး ကျဆုံးပြီး ၄ ဦး မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း ၈၁ မမ တာဝေး စိန်ပြောင်း  ၁ လက်၊ ၆၀ မမ တာဝေးစိန်ပြောင်း ၁ လက်၊ MA -10 အမျိုးအစား RPG  ၁ လက်၊ ၆၀ မမကွန်မန်ဒိုစိန်ပြောင်း ၁ လက်၊ MG - 3 စက်လတ် ၁ လက်၊ MA - 2 ၄ လက်၊ MA - 3  ၂  လက်၊ MA - 5  ၁ လက် ၊ ၆၀ မမ ဗုံးသီး  ၁၀ လုံး၊ ၈၁ မမ  ၁၄  လုံး၊ RPG ဗုံးသီး  ၄၆ လုံး ယမ်းတောင့်  ၁၆ တောင့်၊ တိုက်မိုင်း  ၅ လုံး၊ ကျည်ကာ အင်္ကျီ  ၃ ထည်၊ နင်းမိုင်း အကြီး ၃ လုံး၊ နင်းမိုင်းအသေး ၅ လုံး၊ အချက်ပြ သေနတ် ၂ လက်၊ ဒရုန်း ၁ စီး၊ မှန်ဘီလူး၂ လက်၊ ကျည်ကာဦးထုတ် ၄ လုံး သိမ်းဆည်းရမိခဲ့ပါတယ်။

ဒါအပြင် ကျည်ဘောက် ၂၇ ခု၊ ဆက်သွယ်ရေးစက် TS-2000  ၁ ခု၊ သံလိုက်အိမ်မြှောင် ၁ ခု၊ မြေပုံ ၁ ချပ်၊ မိုင်းရှာစက် ၁ ခု၊ လျို့ဝှက်စာရွက်စာတမ်း (အစုံ)၊ ဆက်သွယ်ရေးစက် ဘက်ထရီ ၁ ခု၊ စက်လတ်ကျည်ခါးပတ်တွဲ  ၁ ခု၊ ၅.၅၆ ကျည်  ၃၀၀၀ တောင့် ခန်၊ ၇.၆၂ ကျည်  ၄၀၀၀ တောင့်ခန့်၊ အချက်ပြကျည် ၁၀ တောင့်၊ ဆက်သွယ်ရေးစက် အသေး ၁ လုံး၊ ဂျန်မာစက် ၁ လုံးတို့အား (ကနဦး) သိမ်းဆည်းရမိခဲ့ပါတယ်။

သေ့ဘောဘိုးစခန်းကို တိုက်ခိုက်သိမ်းပိုက်နေစဉ်တလျှောက်လုံး စစ်ကောင်စီက လေကြောင်းကနေ ATR - 42 အမျိုးအစား ကင်းထောက်လေယာဉ် ဝဲပျံခဲ့သလို မှော်ဘီနဲ့ တောင်ငူ လေတပ်စခန်းက အမောင်းသင် တိုက်ခိုက်ရေးလေယာဉ် Yak- 130 အမျိုးအစား ၂  စီး၊ ဗုံးကြဲ‌ လေယာဉ် အမျိုးအစား K-8 လေယာဉ် ၂ စီး၊ ဘက်စုံသုံး တိုက်ခိုက်ရေးလေယာဉ် MiG -29  ၁ စီးဖြစ်ပြီး လေကြောင်း တိုက်ခိုက်မှုပေါင်း  ၃၅  ကြိမ် ပြုလုပ်ခဲ့ပါတယ်။

အဆိုပါ တိုက်ပွဲဖြစ်ပွားရာဒေသကို ကော်ဘရာစစ်ကြောင်းနဲ့ပူးပေါင်းတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းရေး ဆက်လက်ဆောင်ရွက်နေကြပြီး တိုက်ပွဲကြောင့် သေ့ဘောဘိုးနဲ့ ပတ်ဝန်းကျင် ကျေးရွာတွေက ရွာသား ၃၀၀ လောက် ထိုင်းနိုင်ငံဘက်ကို စစ်ဘေးရှာင် ထွက်ပြေးခဲ့ကြရပါတယ်။

Photo- Cobra

1 min Ago
Up