close

လက်နက်ခဲ့ယမ်း

close

April 15, 2023

တနင်္သာရီတွင် စစ်ကောင်စီ တပ်သားတဦး လက်နက်ခဲယမ်းများဖြင့် CDM ပြုလုပ်

စစ်ကောင်စီ တပ်သားတဦး လက်နက်ခဲယမ်းတွေနဲ့အတူ တနင်္သာရီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီကို ဧပြီ ၁၄ ရက်နေ့က အာဏာဖီဆန်ရေး (CDM) ပြုလုပ်လာတယ်လို့ သိရပါတယ်။

CDM ဝင်ရောက်လာတဲ့ တပ်သားဟာ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာ ညောင်ပင်းကွင်းရွာ အခြေစိုက် အမှတ် (၅၆၁) တပ်ရင်းမှ တပ်သားတဦးဖြစ်တယ်လို့ တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

“CDM ဝင်ရောက်လာတာဟာ တပ်သားအဆင့်ပါ။ သူနဲ့အတူတူ MA-3 မောင်းပြန်သေနတ် တလက်၊ ကျည်အတောင့် ၂၀၀၊ လက်ပစ်ဗုံး ၁ လုံးနဲ့ ကျည်ကတ် ၃ ခု ပါပါတယ်” လို့ ပြောပါတယ်။

အဆိုပါ CDM တပ်သားကို တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့က ဂုဏ်ပြုချီးမြင့်ငွေ သိန်း ၃၀ ပေးအပ်ခဲ့ပြီး လုံခြုံတဲ့နေရာ ပို့ဆောင်ပေးလိုက်တယ်လို့ ဆိုပါတယ်။

အလားတူ တိုင်းနဲ့ မြို့နယ်ထဲမှာရှိတဲ့ CDM လုပ်ချင်တဲ့ ရဲဘော်တွေရှိရင်လည်း သက်ဆိုင်တဲ့ တော်လှန်ရေးအင်အားစုအဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး ရဲရဲဝံ့ဝံ့ လာရောက်ကြပူးပေါင်းကြဖို့ တိုက်တွန်းထားပါတယ်။

11 hours Ago
Up