close

လက်နက်ချအလင်းဝင်

close

February 16, 2022

ဟုမ္မလင်း ရဲတပ်သား ၁ ဦး သေနတ် ၁ လက်၊ ကျည်ဆန် ၁၀၀ နှင့်အတူ လက်နက်ချအလင်းဝင်

စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်မှာ ရဲတပ်သားတယောက်ဟာ  ပြည်သူ့ကာ ကွယ်ရေးအဖွဲ့ကတဆင့် လက်နက်ချအလင်းဝင်ရောက်လာခဲ့တယ်လို့ အမျိုးသားညီညွတ် ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။

အဆိုပါရဲတပ်သားဆီကနေ  သေနတ်တစ်လက်နဲ့ကျည်ဆန် ၁၀၀ လက်ခံရရှိခဲ့ပြီး ပြည် သူ့ကာကွယ်ရေးအဖွဲ့(ဟုမ္မလင်း)က ဂုဏ်ပြုဆုငွေ ကျပ် ၃၈ သိန်း ပေးအပ်ကာ  လွတ် မြောက်နယ်မြေကို ပို့ဆောင်ပေးခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါ တယ်။

အာဏာအလွဲသုံးစားပြုလုပ်နေတဲ့ လက်တစ်ဆုပ်စာ စစ်အာဏာရှင်တစ်စုရဲ့ လက်ကိုင်တုတ် ခါးပိုက်ဆောင်တွေအဖြစ်ကနေ ရုန်း ထွက်ပြီး ပြည်သူ့ရင်ခွင် အမြန်ဆုံးခိုဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က တိုက်တွန်းနှိုးဆော်ထားပါတယ်။

လတ်တလောမှာတော့ စစ်အာဏာသိမ်းကာလ ၁ နှစ်ကျော်အတွင်း CDM လှုပ်ရှားမှုမှာ ပါ ဝင်လာသူတွေနဲ့  ပြည်သူ့ ရင်ခွင်ခိုလှုံလာတဲ့ တပ်မတော်သားတွေ၊ ရဲတပ်သားတွေလည်း ထောင်နဲ့ချီ ရှိလာနေပြီ ဖြစ်ပါတယ်။

ဒါ့အပြင် အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဖြစ်ကြတဲ့ ကချင်လွတ် မြောက်ရေးတပ်မတော် (ကေအိုင်အေ)နဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တို့လို အဖွဲ့အစည်းတွေကလည်း စစ်အာဏာရှင်ဆန့်ကျင်ကာ ပူးပေါင်းလိုတဲ့ ရှေ့တန်း ရောက် မြန်မာ့တပ်မတော်သားတွေကို လက်ကမ်းကြိုဆိုနေတာကို တွေ့ရပါတယ်။

1 min Ago
Up