close

လက်နက်ချ

close

May 5, 2023

RSF တပ်ဖွဲ့ လက်နက်အရင်ချပါက အပစ်ရပ်မည်ဟု ဆူဒန်စစ်တပ်ပြော

ဆူဒန်စစ်တပ်ဟာ သူနဲ့တိုက်ခိုက်နေတဲ့ အရန်တပ်ဖွဲ့ (RSF) က လက်နက်အရင်ချတယ်ဆိုရင် တိုက်ပွဲတွေ ချက်ချင်းရပ်လိုက်ဖို့ ပြင်ဆင်နေကြောင်း အီသီယိုးပီးယားနိုင်ငံဆိုင်ရာ ဆူဒန်သံအမတ်ကြီးက မေလ ၄ ရက် အက်ဒစ်စ်အဘာဘာမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

မနေ့က ဆူဒန်စစ်တပ်ဟာ ပြင်းထန်တဲ့တိုက်ပွဲတွေအတွင်းမှာပဲ ခါတွန်မြို့လယ်ခေါင်အနီးရှိ RSF အရန်တပ်ဖွဲ့တွေကို ဖယ်ရှားဖို့ ကြိုးပမ်းခဲ့ပြီး အရန်တပ်ဖွဲ့ရဲ့ ငြိမ်းချမ်းရေးဆီ ပထမခြေလှမ်းကို လှမ်းခြင်းအပေါ် မူတည်ကြောင်း အီသီယိုးပီးယားနိုင်ငံဆိုင်ရာ ဆူဒန်သံအမတ်ကြီး ဒက်ဖှ်ဖှာ အယ်လာအလ်ဟေ့ဂ်က ပြောပါတယ်။

ဒီတိုက်ပွဲကို ဆူဒန်အစိုးရက စတင်ခဲ့တာမဟုတ်ဘဲ တဖက်အဖွဲ့က ပုန်ကန်လို့ လက်နက်ကိုင် တိုက်ပွဲတွေကို ဆင်နွှဲနေတုန်းပဲလို့လည်း ဆိုပါတယ်။

သူတို့က အလျှော့အတင်းလုပ်ဖို့ ဒါမှမဟုတ် စွန့်လွှတ်ဖို့ သဘောတူညီမှုကို မပြခဲ့ကြောင်းနဲ့ လက်နက်ချဖို့ အဆင်သင့်ဖြစ်တဲ့သူကို ခွင့်လွှတ်ပေးဖို့ အခွင့်အရေးရှိသေးတယ် ဆိုတာကို တကြိမ်မက ကြေညာထားကြောင်းလည်း သံအမတ်ကြီးက ပြောပါတယ်။

အီသီယိုးပီးယားနိုင်ငံဆိုင်ရာ ဆူဒန်သံအမတ်ကြီး ဒက်ဖှ်ဖှာအယ်လာအလ်ဟေ့ဂ်ဟာ အဒစ်စ် အဘာဘာမှာ အီသီယိုးပီးယားဝန်ကြီးချုပ်နဲ့ အာဖရိကသမဂ္ဂ ဥက္ကဋ္ဌတို့ကို တွေ့ဆုံခဲ့ကြောင်းနဲ့ မကြာခင်မှာပဲ ဆူဒန်အစိုးရဟာ ဒီပုန်ကန်မှုကို ရပ်တန့်သွားအောင် လုပ်ဆောင်သွားမယ်လို့ သူတို့ကို အာမခံခဲ့ကြောင်း သံအမတ်ကြီးက ပြောပါတယ်။

အပစ်အခတ်ရပ်စဲရေး ကြေညာချက် အများအပြား ထွက်ခဲ့ပေမဲ့ နှစ်ဖက်အဆိုပြုထားတဲ့ ဆွေးနွေးပွဲမတိုင်ခင် မြို့တော် ခါတွန်မှာ နယ်မြေထိန်းချုပ်ရေးအတွက် တိုက်ပွဲဝင်နေပုံရကြောင်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

နှစ်ပတ်ကျော်ကြာ တိုက်ပွဲတွေ ဖြစ်ပွားပြီးနောက်မှာတော့ နှစ်ဖက်ခေါင်းဆောင်တွေ ညှိနှိုင်းဆွေးနွေးကြဖို့ လူထုဆန္ဒ အနည်းငယ်သာ ရှိတယ်လို့ ဆိုပါတယ်။

8 mins Ago

June 27, 2021

တာလီဘန်တိုက်ခိုက်ရေးသမား ၁၀၀ ကျော် အာဖဂန်အစိုးရထံ လက်နက်ချ

တာလီဘန်တိုက်ခိုက်ရေးသမား အယောက် ၁၃၀ ကျော်လောက် အာဖဂန်နစ္စတန်အနောက်ပိုင်း Herat ပြည်နယ်ရှိ လူမျိုးစုအကြီးအကဲတွေနဲ့အတူ ဇွန် ၂၄ ရက်က အာဖဂန်အစိုးရဆီမှာ လက်နက်ချခဲ့ကြပါတယ်။ 

Herat အုပ်ချုပ်ရေးမှူး Abdul Saboor Qani က သူတို့ဟာ အာဖဂန်နစ္စတန်ရဲ့ လုံခြုံရေးတပ်ဖွဲ့တွေနဲ့အတူ တာလီဘန်တွေကို ကာကွယ်ဖို့ စစ်ရေးအဆောက်အအုံတွေကို အသုံးပြုလို့ရမယ်လို့ ပြောပါတယ်။ 

တာလီဘန်သူပုန်တွေဟာ နိုင်ငံတကာတပ်ဖွဲ့တွေ ဆက်လက်ရုပ်သိမ်းနေချိန်မှာ သူတို့ရဲ့ တောင်ပိုင်းက အမာခံနယ်မြေတွေကို ကျော်လွန်လာပြီး မကြာသေးခင်ရက်တွေအတွင်းမှာ အာဖဂန်နစ္စတန်မြောက်ပိုင်းကို တိုက်ခိုက်မှုတွေ ဆက်တိုက် လုပ်လာပါတယ်။

 မကြာသေးခင်ကပဲ မြောက်ပိုင်းက Faryab, Balkh နဲ့ Kunduz ပြည်နယ်တွေက ပြည်နယ်မြို့တော် ၃ ခုမှာ တာလီဘန်နဲ့ အာဖဂန်အစိုးရတပ်တွေအကြား တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တယ်လို့ တာဝန်ရှိသူတွေက ဇွန် ၂၂ ရက်မှာ ပြောပါတယ်။

 အမေရိကန်ပြည်ထောင်စုဟာ အနှစ် ၂၀ နီးပါး တိုက်ပွဲတွေ ဖြတ်သန်းပြီးနောက်မှာ သူ့တပ်ဖွဲ့တွေကို ဘာအခြေအနေကြောင့်မှ မဟုတ်ဘဲ စက်တင်ဘာ ၁၁ ရက်မှာ အပြီး ရုပ်သိမ်းတော့မယ်လို့ ဧပြီလမှာ ကြေညာခဲ့ပါတယ်။ 

အဲ့ဒီနောက်ပိုင်း တာလီဘန်တွေက နယ်မြေတွေကို ထိန်းချုပ်ဖို့ ကြိုးစားလာပြီး အကြမ်းဖက်မှုတွေလည်း တစ်နိုင်ငံလုံး တိုးပွားလာခဲ့ပါတယ်။

 ဒိုဟာက ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလည်း ရပ်တန့်နေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ 

တာလီဘန်တွေကလည်း ဝင်ရောက်ဆွေးနွေးမယ်လို့ ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ မေ ၁ ရက်နေ့မှ စတင်ပြီး တပ်တွေပြန်ရုပ်သိမ်းခဲ့ပြီး အာဖဂန်အစိုးရကို အခြေစိုက်စခန်းတချို့ လွှဲပြောင်းပေးခဲ့ပါတယ်။ 

ပိုလန်နိုင်ငံကတော့ နှစ် ၂၀ ကြာ ရှိခဲ့တဲ့ သူ့တပ်တွေကို အာဖဂန်ကနေ ဇွန်လကုန်ပိုင်းမှာ ရုပ်သိမ်းသွားတော့မယ်လို့ ဇွန် ၂၄ ရက်က ပြောပါတယ်။ 

နေတိုးမဟာမိတ်တွေကလဲ စက်တင်ဘာ ၁၁ ရက်မှာ အမေရိကန်တပ်တွေ ရုပ်သိမ်းမှုနဲ့အတူ ညှိနှိုင်းထားပြီး အာဖဂန်နစ္စတန်ကနေ နေတိုးအဖွဲ့ ညွှန်ကြားချက်အောက်က နိုင်ငံခြားတပ်ဖွဲ့တွေ ကို ရုပ်သိမ်းမယ်လို့ ဧပြီလကပဲ သဘောတူညီခဲ့ကြပါတယ်။ 

2 years Ago
Up