close

လက်နက်ထုတ်လုပ်

close

October 10, 2022

၉ မမ ကျည်သုံး အော်တို သေနတ်အရှည် ဒေါင်းနီအဖွဲ့ ထုတ်လုပ်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အရှေ့ခြမ်းမှာ လှုပ်ရှားနေတဲ့ ဒေါင်းနီအဖွဲ့က ၉ မမ ကျည်သုံး အော်တိုသေနတ်အရှည်ကို အောက်တိုဘာ ပထမပတ်ထဲမှာ စမ်းသပ်အောင်မြင်စွာ ထုတ်လုပ်နိုင်ပြီလို့ သိရပါတယ်။

တော်လှန်ရေးအတွက် လိုအပ်နေတဲ့ လက်နက်တွေနဲ့ လုံခြုံရေးအတွက် ကိုင်ဆောင်နိုင်ဖို့ ထုတ်လုပ်‌တာလို့ ဒေါင်းနီအဖွဲ့ရဲ့ လက်နက်ထုတ်လုပ်ရေးတာဝန်ခံ ဗိုလ်ကျော်ဝဏ္ဏက ပြောပါတယ်။

“သေနတ်တွေက အော်တိုတွေပါ။ safety ခလုတ် တတောင့်ချင်းပစ်တာ၊ အတွဲလိုက်ပစ်တာပါ လုပ်လို့ရအောင် လုပ်ထားတယ်။ အခုတော့ ၉ မီလီမီတာ ကျည်ပဲ ထည့်ပစ်လို့ရသေးတယ်။ နောက်ကျရင် ဒီထက်အားပြင်းတဲ့ ကျည်ထည့်ပစ်လို့ရအောင်ထိ လုပ်ဖို့တော့ရှိတယ်။ လက်နက်တွေက တော်လှန်ရေးအဖွဲ့တွေမှာ လိုအပ်နေတယ်။ ဝယ်ရင်လည်း ဈေးကြီးတယ်။” 

၉ မမ ကျည်သုံး အော်တို သေနတ်အရှည်ကို ဖြုတ်ရ တပ်ရ လွယ်ကူအောင် လုပ်ထားပြီး ထုတ်လုပ်မှု ကုန်ကျစရိတ် ၃ သိန်းဝန်းကျင်သာရှိတယ်လို့ သိရပါတယ်။

ဒေါင်းနီအဖွဲ့အနေနဲ့ တခြား ၄၀ မမ ဗုံးသီး ၆ လုံးထည့်ပစ်နိုင်တဲ့ လက်နက်၊ လက်လုပ်သေနတ် အတို၊ အရှည်နဲ့ အဝေးပစ်တွေလည်း ထုတ်လုပ်ပြီး မြေပြင်မှာ အသုံးပြုနေပါတယ်။

9 hours Ago
Up