close

လက်နက်နှင့်ဖမ်းမိ

close

December 29, 2022

သာယာဝတီတွင် ရာအိမ်မှူးအပါအဝင် ၅ ဦးကို လက်နက်များနှင့်အတူ ဖမ်းမိ

ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်၊ သင်တောရိုးကျေးရွာအုပ်စု၊ ဂုံမင်းမြောင်ကျေးရွာမှာ ဒီဇင်ဘာ ၂၈ ရက် မနက် ၁၁ နာရီလောက်က  ရာအိမ်မှူး တယောက် အပါအဝင်  အမျိုးသား ငါးယောက်ကို  သေနတ်နဲ့ ဗုံးတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ ရဲတွေက မနေ့မနက် ၁၁ နာရီလောက်မှာ သင်တောရိုးကျေးရွာအုပ်စု ဂုံမင်းမြောင်ကျေးရွာမှာ နေထိုင်တဲ့ ရာအိမ်မှူး ဦးသိန်းဇော်ဝင်းရဲ့ နေအိမ်ကို ဝင်ရောက်ရှာဖွေခဲ့ရာကနေ ဖမ်းဆီးရမိခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။

“စစ်သားတွေရော ရဲတွေရော အများကြီးရောက်လာတာ။ ရာအိမ်မှူး ဦးသိန်း အိမ်မှာ လာနေတဲ့ ကောင်လေး လေးယောက်ကို သေနတ်တွေနဲ့ ဖမ်းမိတယ်။ ရာအိမ်မှူးလည်း ခေါ်သွားတယ်။”

ရာအိမ်မှူး နေအိမ်ကနေ ပစ္စတိုတစ်လက်၊ အသံတိတ်ပြောင်းတစ်ခု၊ ကျည်အိမ်နှစ်ခု၊ တရုတ် MG-1 လက်ပစ်ဗုံးတစ်လုံး၊ လက်လုပ်မိုင်း ၅ လုံး၊ လက်လုပ်ဗုံးနှစ်လုံးနဲ့အတူ အမျိုးသား လေးဦးကို ဖမ်းဆီးရမိခဲ့တာလို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတစ်ဦးကလည်း ပြောပါတယ်။

လတ်တလောမှာ ဖမ်းဆီးခံထားရတဲ့ အမျိုးသားလေးယောက်ကိုရော ရာအိမ်မှူး ဦးသိန်းဇော်ဝင်းကိုပါ စစ်ကောင်စီတပ်က သာယာဝတီမြို့မရဲစခန်းမှာ စစ်ဆေးနေတယ်လို့  ဒေသခံတွေဆီက သိရပါတယ်။

7 mins Ago
Up