close

လက်ပံ‌တောကျေးရွာ

close

March 9, 2022

ယင်းမာပင်တွင် စစ်​ကောင်စီတပ်က ကလေး ၄ ဦးအပါအဝင် ပြည်သူ ၁၁ ဦးကို မီးရှို့သတ်ဖြတ်

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ် လက်ပံ​တောကျေးရွာမှာ စစ်​ကောင်စီတပ်ဖွဲ့က သတ်ဖြတ်မီးရှို့ထားတဲ့ ကလေးငယ် ၄ ဦးအပါအဝင် အပြစ်မဲ့ပြည်သူရုပ်အ​လောင်း ၁၁ ​လောင်း ဒီနေ့မနက် တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ မတ် ၈ ရက်နေ့ညနေ ၃ နာရီလောက်က လက်ပံ​တော ကျေးရွာဘုန်းကြီး​ကျောင်း​ဘေးမှာရှိတဲ့ ​နေအိမ် ၂ လုံးနဲ့အတူ ပြည်သူ ၁၀ ဦးအား မီးရှို့သတ်ဖြတ်ခဲ့တာလို့ ​ဒေသခံ​တွေက ​ပြောပါတယ်။

ဒါ့အပြင် သေဆုံးနေတဲ့ အဘွားအို ၁ ဦးရဲ့ ရုပ်အ​လောင်းကိုလည်း ​ထပ်မံ​တွေ့ရှိခဲ့​ရပြီး ​လက်ရှိအချိန်ထိ ​ပျောက်ဆုံး​နေတဲ့ ပြည်သူ​တွေကို ဆက်လက်ရှာ​ဖွေ​နေကြတယ်လို့ ဆိုပါတယ်။ 

စစ်​ကောင်စီတပ်ဖွဲ့ဟာ ဘုန်း​ကြီး​ကျောင်းထဲက ဘုရား​လှူထားတဲ့ အလှူခံပုံးထဲက ​ငွေ​တွေကိုလည်း ​ဖောက်ယူ​သွားကြတယ်လို့ ​ဒေသခံ​တွေက ​ပြောပါတယ်။

စစ်​ကောင်စီတပ်ဖွဲ့က က​လေးငယ်​တွေနဲ့ သက်ကြီးရွယ်အို​တွေကိုပါ အခုလို ရက်ရက်စက်စက် သတ်ဖြတ်သွားတာ​ဟာ မလုပ်သင့်တဲ့ကိစ္စ​တွေဖြစ်ပြီး လုံးဝသည်းခံနိုင်စရာမရှိတာကြောင့် အဆုံးစွန်ထိ စစ်အာဏာရှင်ကို ဆန့်ကျင်​တော်လှန်သွားမှာဖြစ်​ကြောင်း၊ ပြည်သူ​တွေအ​နေနဲ့ ​သွေး​အေးမ​နေကြဘဲ ​တော်လှန်​ပေးကြဖို့ ​ဒေါင်းမင်း PDF အဖွဲ့​ခေါင်း​ဆောင်တဦးက ​တိုက်တွန်းပါတယ်။

စစ်​ကောင်စီတပ်ဖွဲ့ဟာ ​မတ် ၈ ရက်က ကံသာ​ကျေးရွာမှာ ညအိပ်တပ်စွဲခဲ့ပြီး ဒီနေ့မနက်မှာတော့ သီးကုန်း​ကျေးရွာ ဝင်​ရောက်​နေကာ တရွာဝင်တရွာထွက် အကြမ်းဖက်သတ်ဖြတ် မီးရှို့တာတွေ ပြုလုပ်မယ့် အ​ခြေ​နေရှိတယ်လို့ ​ဒေသခံ​တွေက ​ပြောပါတယ်။

ယင်းမာပင်မြို့နယ်မှာ စစ်​ကောင်စီတပ်ဖွဲ့နဲ့ ​PDF ပူး​ပေါင်းအဖွဲ့​တွေလည်း မတ် ၈ ရက်နဲ့ ၉ ရက်နေ့ နှစ်ရက်ဆက်  တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

စစ်​ကောင်စီတပ်တွေဟာ ​ ယင်းမာပင်မြို့နယ်အတွင်း ပြည်သူတွေကို ဖမ်းဆီး သတ်ဖြတ်တာ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာနဲ့ ပစ္စည်းတွေကို ယူဆောင်တာတွေ လုပ်​နေကြတာလို့ ဒေသခံတွေက ပြောပါတယ်။

12 hours Ago
Up