close

လက်ပြန်ကြိုးတုပ် အသတ်ခံထားရ

close

July 28, 2021

ကနီတွင် လက်ပြန်ကြိုးတုပ် အသတ်ခံထားရသည့် စစ်ရှောင်ပြည်သူအလောင်း ၅ လောင်း တွေ့ရှိ

စစ်ကိုင်းတိုင်း ကနီမြို့နယ် ဇီးပင်တွင်းရွာ အနောက် တောတိုက်မှာ ဇူလိုင် ၂၇ ရက်နေ့ မနက်ပိုင်းမှာ လက်ပြန်ကြိုးတုပ် အသတ်ခံထားရတဲ့ စစ်ဘေးရှောင်ပြည်သူ အလောင်း ၅ လောင်းကို ဒေသခံတွေ ရှာဖွေခဲ့တွေ့ရှိခဲ့ပါတယ်။

ကျင်းတူ မြှုပ်ထားတဲ့ အမျိုးသားအလောင်း ၄ လောင်းနဲ့အတူ ဇီးပင်မှာ ကြိုးဆွဲချ အသတ်ခံရတဲ့ အသက် ၆၀ အရွယ် အမျိုးသားတစ်ဦး အလောင်း ၁ လောင်းကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီ တပ်ဖွဲ့တွေက စစ်ဘေးရှောင်ပြည်သူတွေကို ဇူလိုင် ၂၆ ရက်နေ့ ဖမ်းဆီးသွားခဲ့ပြီးနောက် အခုလို အလောင်းတွေ ပြန်တွေ့တာလို့ ဒေသခံတဦးက ပြောပါတယ်။

“အခု သေဆုံးသူတွေကို လက်ပြန်ကြိုးတုပ်ပြီး ဖမ်းဆီးသတ်ဖြတ် ရိုက်နှက်တာ၊ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ခဲ့ရတယ်။”

မြေမြှုပ်ထားတဲ့ ကျင်းပေါင်း ၅ ကျင်းလောက် ရှိနေသေးတယ်။ စစ်ကောင်စီတပ်က မိုင်းတွေ ထောင်ထားခဲ့ပြီး လတ်တလော အခြေအနေအရ ကျန်တဲ့အလောင်းတွေဖော်ဖို့ အခက်အခဲရှိတဲ့အတွက် ဘယ်ဒေသကဆိုတာ မသိရသေးဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

21 seconds Ago
Up