close

လက်ဖက်ရည်ဆိုင်တွင် ပစ်သတ်ခံရ

close

September 19, 2021

ပခုက္ကူမြို့က စစ်ကောင်စီသတင်းပေးဟု လူသိများသူ ၁ ဦး လက်ဖက်ရည်ဆိုင်တွင် ပစ်သတ်ခံရ

မကွေးတိုင်း၊ ပခုက္ကူမြို့မှာ စစ်ကောင်စီရဲ့သတင်းပေးဆိုပြီး နာမည်ကြီးနေတဲ့ အမျိုးသား ၁ ဦး  စက်တင်ဘာ ၁၉ ရက် ဒီနေ့ မနက်ပိုင်းက သေနတ်နဲ့ပစ်ခံရလို့ သေဆုံးသွားတယ်လို့  ဒေသခံတွေဆီက သိရပါတယ်။

မျက်မြင်တွေ့ရှိတဲ့ မြို့ခံတစ်ဦးက ''ဒီနေ့မနက် ၁၀ လောက်က ရွှေခေတ်ဦး လက်ဖက်ရည်ဆိုင်ထဲမှာ လက်ဖက်ရည်သောက်နေတဲ့ ဒလန် ဘဲဥကို လူတယောက်က သေနတ်နဲ့ဝင်ပစ်သွားတာ။ သူက ဒလန်လုပ်နေတဲ့သူလို့ နာမည်ကြီးတယ်ဗျ'' လို့ ပြောပါတယ်။

ကိုဘဲဥ သေနတ်နဲ့ပစ်ခံရပြီးတဲ့နောက် စစ်တပ်နဲ့ရဲက လက်ဖက်ရည်ဆိုင်ဖွင့်ထားတဲ့ ပခုက္ကူမြို့နယ် အမှတ် ၁၅ ဆင်ပေါက်လှရပ်ကွက် ၆ လမ်း၊ အောင်သပြေလမ်းနဲ့ ပိုင်စေလမ်းတွေက လမ်းသွားလမ်းလာတွေကို စစ်ဆေးနေပါတယ်။

အဆိုပါ ပစ်ခတ်မှုကို ဘယ်အဖွဲ့က ပြုလုပ်တယ်ဆိုတာတော့  သတင်းထုတ်ပြန်ထားတာမရှိပါဘူး။ 

သေနတ်နဲ့ပစ်ခံရသူ ကိုဘဲဥဟာ သေနတ်ဒဏ်ရာပြင်းထန်တဲ့အတွက် ပခုက္ကူဆေးရုံကနေ မန္တလေးကိုပို့ဆောင်လိုက်ပေမယ့် ညနေပိုင်းမှာ သေဆုံးသွားတယ်လို့  ဒေသခံတွေက ပြောပါတယ်။

3 mins Ago
Up