close

လက်ဖက်ရည်ဆိုင်

close

October 31, 2022

တမူးမြို့က လက်ဖက်ရည်ဆိုင် မီးလောင်၊ စစ်ကောင်စီတပ်က ပစ်ခတ်

စစ်ကိုင်းတိုင်း၊ တမူးမြို့၊ စော်ဘွား ၅ ရပ်ကွက်ရှိ သံယောဇဉ်လက်ဖက်ရည်ဆိုင်မှာ အောက်တိုဘာ ၂၈ ရက်က မီးလောင်မှုနဲ့ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ တဦးက " တမူး PDF အဖွဲ့ဝင်တွေ ပို့/ဆက်ရုံး မီးမလောင်ခင် အဲဒီလက်ဖက်ရည်ဆိုင်မှာ ထိုင်‌နေကြတာပါ။ မီးလောင်နေချိန် စစ်ကောင်စီဘက်က ပစ်ခတ်မှုတွေရှိတယ်။ ကျနော်တို့ဘက်ကလည်း လက်နက်ကြီး‌နဲ့ ပစ်ခတ်ခဲ့တယ်။ ကျနော်တို့ဘက်က ထိခိုက်ဒဏ်ရာ ရသူတွေတော့ မရှိဘူး။ ပို့/ဆက်ရုံး မီးလောင်အပြီးမှာ စစ်တပ်က လက်ဖက်ရည်ဆိုင်ကို မီးရှို့သွားတယ်။”လို့ ပြောပါတယ်။

လက်ဖက်ရည်ဆိုင် မီးလောင်မှုမှာတော့ ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ သိရပြီး မီးလောင်မှု ကြောင့် အိန္ဒိယရူပီး‌ ငွေ ၂ သိန်း ကျော်နဲ့ မြန်မာငွေအနည်းငယ် မီးထဲပါသွားတယ်လို့ လက်ဖက်ရည်ဆိုင်ပိုင်ရှင်နဲ့နီးစပ်သူ တဦးက ပြောပြပါတယ်။

တမူး‌မြို့ခံတဦးက "စစ်သားတွေ ဝင်ရောက် မီးရှို့ သွားတာလို့ ကြားတယ်။ ရှို့မီးပဲ ဖြစ်နိုင်တယ်။ မီးသတ်ကားတွေ လာရောက် ငြှိမ်းသတ်သွားတာ။” လို့ ပြောပါတယ်။

သံယောဇဉ်လက်ဖက်ရည်ဆိုင် မီးလောင်မှုကို တမူးမြို့မီးသတ်တပ်ဖွဲ့က မီးလာရောက် ငြှိမ်းသတ်ခဲ့‌ပေမဲ့ အချိန်မီ မငြှိမ်းသတ်နိုင်တာကြောင့် တဆိုင်လုံး မီးလောင်ခဲ့ပါတယ်။

18 mins Ago

May 15, 2022

မုံရွာမြို့ လက်ဖက်ရည်ဆိုင်တခုတွင် ဗုံးပေါက်ကွဲ၊ ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်းမုံရွာမြို့ ရတနာပုံရပ်ရှိ လက်ဖက်ရည်ဆိုင်တစ်ခုတွင် မေ ၁၄ ရက်ညက ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ပြီး တဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

"မနေ့ညက  ၈ နာရီလောက်မှာ ရတနာပုံရပ်ကွက်ရှိတဲ့ လက်ဖက်ရည်ဆိုင်မှာ ဗုံးပေါက်တယ်။ အဲဒီ လက်ဖက်ရည်ဆိုင်ကို ဆယ်အိမ်မှူးတွေ လာထိုင်တာ တွေ့တယ်။ ဆယ်အိမ်မှူးတွေ ဦးနေထက်ဖြိုး (နယ်မြေ ၁၀)၊ ဦးအောင်လင်း (နယ်မြေ ၇)၊  ဦးပေါက်ဥ (ရတနာပုံရပ်ကွက်) တို့ ၃ ဦးထိုင်နေရာမှာ ဗုံးပေါက်ကွဲသွားတယ်၊ ဦးပေါက်ဥက သေဆုံးသွားတယ်။ ကျန် ၂ ဦးက ဒဏ်ရာရတယ်သွားတယ်” လို့ မျက်မြင်တဦးက ပြောပါတယ်။

မုံရွာမြို့ ရတနာပုံရပ်ကွက်က လက်ဖက်ရည်ဆိုင်ဗုံးပေါက်တာ ဘယ်အဖွဲ့အစည်းက လုပ်ဆောင် တယ်ဆိုတာ မသိရှိရသေးပါဘူး။

ဒီနေ့ ညနေ ၃ နာရီမှာလည်း ရွှေဇလုပ်ရပ်ကွက်နေ ဦးကျော်တင်ဆိုသူ နေအိမ်မှာ သေနတ်နဲ့ ဝင်ရောက်ပစ်သတ်တာ ခံခဲ့တယ်လို့ သိရပါတယ်။

6 months Ago
Up