close

လက်ဘနွန်အစိုးရ

close

August 22, 2021

လောင်စာဆီအကျပ်အတည်းဖြေရှင်းရန် လက်ဘနွန်အစိုးရက ဒေါ်လာ ၂၂၅ သန်းဖိုး တင်သွင်းမည်

နိုင်ငံအတွင်း လောင်စာဆီအကျပ်အတည်းကို ပြေလျော့စေဖို့ ရည်ရွယ်ပြီး အမေရိကန် ဒေါ်လာ ၂၂၅ သန်းဖိုး လောင်စာ တင်သွင်းဖို့  လက်ဘနွန်ဗဟိုဘဏ်က ယာယီငွေစာရင်းဖွင့်ဖို့ ဆုံးဖြတ်လိုက် ပါတယ်။ 

ဒေါ်လာ ၂၂၅ သန်းဖိုးထိ လောင်စာတွေ စက်တင်ဘာလကုန်ထိ တင်သွင်းဖို့ နောက်ထပ် အမတော်ကြေးပေးနိုင်ရေး ယာယီငွေစာရင်းကို ဖွင့်လှစ်မယ်လို့ လက်ဘနွန် အကြီးတန်းအရာရှိတွေက သြဂုတ် ၂၁ ရက်မှာ ဆုံးဖြတ်လိုက်ကြတာဖြစ်ပါတယ်။

သမ္မတနဲ့ ဗဟိုဘဏ်အုပ်ချုပ်ရေးမှူးတို့အပါအဝင် အရာရှိတွေ အစည်းအဝေးအတွင်း ဆွေးနွေးအပြီး ထုတ်ပြန်တဲ့ကြေညာချက်ထဲမှာ စွမ်းအင်ဝန်ကြီးဌာနက လောင်စာဈေးနှုန်းကို ထုတ်ပြန်မယ်လို့ ပြောထားပါတယ်။

သြဂုတ် ၂၁ ရက်မှာ ဆုံးဖြတ်တဲ့ လောင်စာအမတော်ကြေး ဆက်ပေးနိုင်ဖို့ ကုန်ကျစရိတ်ကို အစိုးရဘဏ္ဍာရေးဌာနက တာဝန်ယူမယ်လို့လည်း သမ္မတက ပြောထားပါတယ်။

2 mins Ago
Up