close

လက်ယာစွန်းသမ္မတလောင်

close

December 6, 2021

ပြင်သစ်တွင် လက်ယာစွန်းသမ္မတလောင်း ကိုယ်စားလှယ်အတွက် ထောက်ခံချီတက်ပွဲ ကျင်းပ

ပြင်သစ်နိုင်ငံ မြို့တော်ပါရီအနား ဗီလာပန့်ထ်မြို့မှာ ဒီဇင်ဘာ ၅ ရက်က လက်ယာစွန်း သမ္မတလောင်း ကိုယ်စားလှယ် အဲရစ်ခ် ဇင်မိုအတွက် ထောက်ခံချီတက်ခဲ့ကြပါတယ်။

ဘာအတွက် ဆန္ဒပြတယ်ဆိုတာကို မကြေညာခဲ့တာကြောင့် ရဲတွေက ဆန္ဒပြသူ တော်များများကို ဖမ်းဆီးခဲ့ပါတယ်။

ပြင်သစ်ရဲ့  ၂၀၂၂  ခုနှစ် သမ္မတရွေးကောက်ပွဲအတွက် တရားဝင် ကိုယ်စားလှယ် ဖြစ်လာတဲ့ အဲရစ်ခ် ဇင်မိုအတွက် ပထမဆုံးပြုလုပ်တဲ့ ချီတက်ပွဲလည်း ဖြစ်ပါတယ်။

ပါရီမြို့တော်က ရိပ်သာလမ်းတခုမှာ ချီတက်ပွဲလုပ်ဖို့ အစောပိုင်းက စီစဉ်ထားခဲ့ပေမယ့် ဖက်ဆစ်ဆန့်ကျင်ရေး အန်တီဖှာအုပ်စုအပါအဝင် အုပ်စုတွေက ဆန္ဒပြဖို့ ဆော်ဩခဲ့ကြလို့ ပါရီမြို့နားက ဗီလာပန့်ထ်မြို့မှာ အစီအစဉ်ပြောင်း ကျင်းပခဲ့ကြတာပါ။

ရေဒီယိုနဲ့ ရုပ်မြင်သံကြားဌာနတွေမှာ မျက်မှောက်ရေးရာ ကိစ္စရပ်တွေကို တိုက်ရိုက်ထုတ်လွှင့် အစီရင်ခံသူ ထင်ရှားတဲ့ ပြင်သစ်လက်ယာစွန်း ဝေဖန်ရေးသမား ဇင်မိုဟာ သမ္မတလောင်း ကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲဝင်ကြောင်း နိုဝင်ဘာ ၃၀ ရက်က ယူကျု့အင်တာနက် စာမျက်နှာက ကြေညာခဲ့တာပါ။

လူနည်းစုက လူများစုကို ဖိနှိပ်နေတဲ့ တိုင်းပြည်ကို ပြန်ယူကြဖို့ သူက မဲရှင်တွေကို ဆော်ဩခဲ့ ပါတယ်။

လူမျိုးရေးမုန်းတီးအောင် လှုံ့ဆော်မှုနဲ့ ပြစ်ဒဏ်ချခံရဖူးတဲ့ သတင်းထောက်ဟောင်း ဇင်မိုဟာ လက်ရှိ သမ္မတ အီမန်နျူယယ် မက်ခွန်းနဲ့ လက်ယာစွန်း အမျိုးသားရေးခေါင်းဆောင် မာရင်း လွေပန့်တို့ကို စိန်ခေါ်မယ့် ထိပ်တန်းပြိုင်ဘက် ဖြစ်လာပါတယ်။

သူလိုလူမျိုး သမ္မတလောင်း ကိုယ်စားလှယ်ဖြစ်လာတာဟာ ဥရောပရဲ့ လက်ယာစွန်းဝါဒကို ကန့်သတ်ချက်နဲ့ သည်းခံနိုင်စွမ်းအပေါ် စမ်းသပ်ချက်လို့ မီဒီယာတွေက သုံးသပ်ပါတယ်။

အသက် ၆၃ နှစ်အရွယ် ဇင်မိုဟာ အစ္စလာမ် ဘာသာနဲ့ ရွှေ့ပြောင်းနေထိုင်မှုကို ဝေဖန်သူ အမာခံ တယောက်ဖြစ်ပြီး လက်ယာယိမ်း ရှေးရိုးစွဲဝါဒီတွေနဲ့ လွေပန့်ရဲ့ မဲရှင်တွေဆီကပါ ထောက်ခံမှု ရထားတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

2 mins Ago
Up