close

လက်ရွေးစင်ကစားသမား

close

December 19, 2022

လက်ရွေးစင်ကစားသမားဘဝက အနားမယူသေးဟု မက်ဆီပြော

အာဂျင်တီးနား တိုက်စစ်မှူး လီယွန်နယ် မက်ဆီဟာ လက်ရွေးစင်ကစားသမား ဘဝကနေ အနားယူမှာ မဟုတ်သေးဘူးလို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ 

အသက် ၃၆ နှစ်အရွယ် အသင်းခေါင်းဆောင် မက်ဆီက  ကမ္ဘာ့ဖလား ချန်ပီယံဆုကို ရယူအပြီးမှာ ပြုလုပ်တဲ့ အာဂျင်တီးနားရုပ်သံတစ်ခုနဲ့ အင်တာဗျုးမှာ ပြောဆိုသွားတာပါ။

လက်ရွေးစင်အသင်းမှာ ကစားရတာ ပျော်ရွှင်တဲ့အတွက်  ကမ္ဘာ့ချန်ပီယံအသင်းအနေနဲ့ ပွဲစဉ်တွေ ဆက်ကစားချင်ပါသေးတယ်လို့ မက်ဆီကဆိုပါတယ်။

ကာတာကမ္ဘာ့ဖလားပွဲ မတိုင်ခင်က အခု ကမ္ဘာ့ဖလားပွဲဟာ သူ့ရဲ့ နောက်ဆုံး ကမ္ဘာ့ဖလားပွဲ ဖြစ်နိုင်တယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။

မက်ဆီဟာ ကမ္ဘာ့ဖလားပွဲကို ၅ ကြိမ်  ကစားခွင့်ရထားကာ ဗိုလ်လုပွဲမှာ ၂ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ နောက်တစ်ကြိမ် ကမ္ဘာ့ဖလားပွဲဆိုရင် မက်ဆီရဲ့ အသက်ဟာ ၃၉ နှစ်ထဲ ရောက်ရှိမှာ ဖြစ်ပါတယ်။ အာဂျင်တီးနား နည်းပြကတော့ ၂၀၂၆ ကမ္ဘ၁့ဖလားပွဲအထိ အသင်းမှာ မက်ဆီကို ဆက်ရှိနေစေချင်တယ်လို့ ပြောထားပါတယ်။ 

4 mins Ago
Up