close

လက်ရွေးစင်ဘောလုံးအသင်း

close

May 22, 2021

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း ဂျပန်လေဆိပ်ရောက်ရှိ

ကမ္ဘာ့ဖလားခြေစစ်ပွဲတွေ ကစားမယ့် မြန်မာဘောလုံးအသင်းဟာ ဒီကနေ့ ဒေသစံတော်ချိန် မနက် ၈ နာရီမှာ စင်ကာပူကနေတစ်ဆင့် ဂျပန်နိုင်ငံ ချီဘားမြို့ နာရီတာလေဆိပ်ကို ရောက်ရှိလာပါတယ်။ 

ပရိသတ်တွေရဲ့ဝေဖန်မူခံထားရတဲ့ မြန်မာအသင်းလူစာရင်းကို ဘောလုံးအဖွဲ့ချုပ်က လက်ရှိအချိန်အထိ ထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။ 

လေဆိပ်မှာတွေ့ရတဲ့ မြန်မာကစားသမားတွေထဲမှာတော့ နောက်ခံလူ ရဲမင်းသူ၊ ဒေးဗစ်ထန်းနဲ့ တိုက်စစ်မှူး ဝင်းနိုင်ထွန်းတို့ကို တွေ့ရပါတယ်။ 

မြန်မာအသင်းဟာ မေ ၂၈ရက်မှာ ဂျပန်အသင်းနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ ကစားရမှာဖြစ်ပါတယ်။ အဲဒီနောက် ကာဂျစ္စတန်၊ တာဂျစ်ကစ္စတန်အသင်းတွေနဲ့ ဂျပန်မှာပဲဆက်ပြီး ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

မြန်မာဘောလုံးအသင်းလေဆိပ်ရောက်လာတာကို ဓာတ်ပုံရိုက်ကူးခဲ့တဲ့ DVB သတင်းထောက်ဟာ လေဆိပ်ရဲတွေရဲ့ ဖမ်းဆီးမူခံခဲ့ရပြီး မကြာခင်မှာ ပြန်လွှတ်ပေးခဲ့ပါတယ်။

မြန်မာအသင်းဟာ လေဆိပ်မှာ ၃ နာရီကြာ စောင့်ဆိုင်းခဲ့ရပြီး ဒေသစံတော်ချိန် ၁၁ နာရီမှာ လေဆိပ်ကနေ တည်းခိုမယ့်ဟိုတယ်ကို သွားရောက်ခဲ့ပါတယ်။

3 mins Ago
Up