close

လက်လုပ်ဗုံးပေါက်ကွဲမှု

close

July 18, 2021

မိုးကုတ်မြို့က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအိမ်ရှေ့ ဗုံးပေါက်ကွဲ

မန္တလေးတိုင်း၊ မိုးကုတ်မြို့၊ ရေပူရပ်ကွက်က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးစန်းလွင်ရဲ့ နေအိမ်​​​ရှေ့မှာ ဇူလိုင် ၁၇ ရက်   ည ၁၀ နာရီကျော်က လက်လုပ်ဗုံး တစ်လုံး ပေါက်ကွဲခဲ့ပါတယ်။ 

အဆိုပါ လက်လုပ်ဗုံးကို အုပ်ချုပ်ရေးမှူးရဲ့ အိမ်ဝင်းနားမှာ  လာချိတ်ထားတာဖြစ်ပြီး မပေါက်ကွဲခင် သုံးရက်လောက်အလိုကတည်းက လက်လုပ်ဗုံးကိုတွေ့ရှိခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ 

လက်လုပ်ဗုံးကို တွေ့ပြီးနောက် စစ်တပ်က စစ်ကားတွေနဲ့ လာရောက်ကြည့်ရှုခဲ့ပေမယ့် ရှင်းလင်းပေးတာမရှိဘူးလို့ သိရပါတယ်။ 

ပေါက်ကွဲမှုမဖြစ်ခင်ကတည်းက လူတွေက လက်လုပ်ဗုံး တွေ့ထားတာကြောင့် ပေါက်ကွဲတဲ့အချိန်မှာ လူအထိအခိုက် ဒဏ်ရာရတာမရှိခဲ့ပါဘူး။

6 mins Ago

June 22, 2021

မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးရှေ့ လက်လုပ်ဗုံးကွဲ ရဲ ၁ ဦးသေ၊ ၃ ဦး ဒဏ်ရာရ

မန္တလေး၊ ချမ်းအေးသာစံမြို့နယ် ၆၆ လမ်း၊ လမ်း ၃၀ နဲ့ ၃၁ လမ်းကြားရှိ မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးရှေ့မှာ အစောင့်ကျနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ဇွန်လ ၂၂ ရက် မွန်းလွဲပိုင်းလောက်က လက်လုပ်ဗုံးနဲ့ထုပြီး သေနတ်နဲ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။

ဗုံးကွဲ ပစ်ခတ်မှုတွေကြောင့် အစောင့် ရဲတပ်ဖွဲ့ဝင် ၁ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

“အသံအကျယ်ကြီး တစ်ချက်ကြားပြီး သေနတ်သံတွေတော့ ကြားလိုက်တယ်။ အဲ့ဒီနားမှာ အစောင့်က အမြဲရှိတယ်”လို့ မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံး အနီးအနားနေထိုင်သူ တစ်ဦးက ဆိုပါတယ်။

မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးရှေ့မှာ အတားအဆီးတွေ ချထားပြီး လုံခြုံရေး တင်းကျပ်ထားပါတယ်။

4 weeks Ago
Up